Wed. Oct 16th, 2024

admin

– ကချင်ပြည်နယ်၊ ရွှေကူမြို့ဘက်ကနေ ဒီမနက် ၆ နာရီလောက်က စုန်ဆင်းလာတဲ့ စစ်ကောင်စီသင်္ဘော (၃) စီးဟာ စစ်ကိုင်းတိုင်း ကသာမြို့နယ်ထဲကို ဝင်ရောက်လာပြီး လုံခြုံရေးလိုက်ပါလာတဲ့ Y-12 စစ်ထောက်ပို့ လေယာဉ်နဲ့ ကျေးရွာတွေဘက်ကို လိုက်လံဗုံးကြဲခဲ့တယ်လို့ နယ်မြေခံတော်လှန်ရေး ရဲဘော်တွေထံကနေ သိရပါတယ်။ လုံခြုံရေးလိုက်ပါလာတဲ့ Y-12 နဲ့... Read More
– စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကိုကွင်းတဲ့ လမ်းမှာ အေတီဗင် ကားလေးတစ်စီး မီးလောင်သွားခဲ့တာလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ နေ့လယ်ပိုင်းမှာ လောင်ကျွမ်းခဲ့တာဖြစ်ပြီး လူထိခိုက်မှုရှိမရှိကိုတော့ အတည်မပြုနိုင်ဘူးလို့ ဒေသခံက ပြောပါတယ်။ “အင်ဂျင်အပူလွန်ကဲလို့ လောင်တာဖြစ်လောက်တယ်။ အဲ့လမ်းက အမြန်ကြီးမောင်းလို့ မရပေမဲ့ ရုန်းရတဲ့နေရာတွေ... Read More
– ရွှေကူမြို့ကနေ ဒုတိယအကြိမ် ဗန်းမော်မြို့ကို ဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘောတွေ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ရှေ့ပြေးသံခွန်ယာဉ်နှစ်စီးနဲ့ သင်္ဘောတစ်စီးသာ မနေ့က ဗန်းမော်မြို့ကို ဆိုက်ရောက်နိုင်တော့ကြောင်း သတင်းရရှိပါတယ်။ ရွှေကူသတင်းရင်းမြစ်ရဲ့ ပြောပြချက်အရ ရှေ့ပြေးသံခွန်ယာဉ်နှစ်စီး အပါအဝင် စစ်ကောင်စီသင်္ဘော (၈) စီးဟာ စက်တင်ဘာ ၁၇... Read More
– ဖားကန့်၊ ဆိုင်းတောင်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့မွန်းလွဲ ၃ နာရီဝန်းကျင်အထိ လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ယနေ့ နံနက်အစောပိုင်း ၁ နာရီဝန်းကျင်က Lucky Men ဟိုတယ်အနီးတဝိုက်၊ ဆိုင်းတောင်ရပ်ကွက် (၃) နှင့် ကျောက်သွေးတောင် ပတ်ဝန်းကျင်သို့ လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ်... Read More
– ရွှေကူမြို့ကနေ ဗန်းမော်မြို့ကို ဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘောတွေ မနေ့က ဒုတိယမြစ်ကျဥ်းရောက်ခါနီး တိုက်ခိုက်ခံရလို့ အထိနာပြီး ပြန်ဆုတ်ခဲ့ရကြောင်း သတင်းရရှိပါတယ်၊၊ ဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘော (၈) စီးဖြစ်ပြီး သင်္ဘောလုံခြုံရေးယူပေးတဲ့ လေယာဥ်ပေါ်ကနေ ပစ်ခတ်မှု‌ကြောင့် ကားလမ်းပျက်စီးသလို အရပ်သားတစ်ဦးလည်း ဒဏ်ရာပြင်းထန်ရရှိကြောင်း သိရပါတယ်၊၊ တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူများတယ်လို့... Read More
– ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမှာ TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး သီပေါမှာလည်း စစ်တပ်က လေကြောင်းနဲ့ ပစ်လို့နေအိမ်တစ်လုံး မီးလောင်ကာ အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ TNLA က မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ နောင်ချိုမြို့နယ် တောင်ခမ်းရွာ အနီးတဝိုက်၊ စစ်ကောင်စီတပ် အမတ (၃၅၄) တပ်စခန်း၊... Read More
– စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မ ဘုန်းကြီးကျောင်းမှာ စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့ပြည်သူ ၁ ထောင်နီးပါးထဲက အယောက် ၄၀၀ လောက် ဒီကနေ့ မနက်ပိုင်းမှာ လွတ်မြောက်လာပြီး၊ ပြည်သူအချို့ဟာ ကြောက်လန့်မှုတွေကြောင့် စိတ်ဝေဒသနာတွေ ခံစားနေရတယ်လို့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ အင်းတော်မြို့မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆... Read More
▪︎ အပတ်စဉ် စစ်ရေးသတင်းမြင်ကွင်း အစီအစဉ်။ စီစဉ်တင်ဆက်သူ – – ၂၀၂၃ အောက်တိုဘာလ ကတည်းက စခန်းသိမ်းထိုးစစ်တိုက်ပွဲတွေ စတင်ဖြစ်ပွားနေခဲ့တဲ့ ကျောက်စိမ်းမြေ၊ ဖားကန့်မှာ ဒီတလောအတွင်းမှာလည်း တိုက်ပွဲတွေဆက်လက် ဖြစ်ပွားလျက်ရှိပြီး စစ်ရေးအခြေအနေက ဆက်တိုက်တင်းမာနေတာပဲ ဖြစ်ပါတယ်။ စက်တင်ဘာ ၇ ရက်နေ့ကစပြီး ဖားကန့်မြို့ ဆိုင်းတောင်... Read More
– ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာ တိုက်ပွဲအတွင်း အရပ်သားထိခိုက်သေဆုံးသူအရေအတွက် (၂၀) ကျော်အထိ မြင့်တက်လာတယ်လို့ ဒေသခံတွေက တစ်ဆင့်သိရှိ ရပါတယ်။ စက်တင်ဘာ ၁၄ ရက်နေ့က ရရှိထားတဲ့ မှတ်တမ်းဗီဒီယိုဓာတ်ပုံတွေအရ Lucky Men ဟိုတယ်အနီးပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ခြင်းခံရလို့ သေဆုံးနေတဲ့ ရုပ်အလောင်းဟာ (၁၀) လောင်းကျော်ရှိတယ်လို့... Read More

နောက်ဆုံးသတင်းများ