သန္နီမြို့ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း ထိခိုက်ပျက်စီးခဲ့ရတဲ့ ဖြစ်စဉ်
–
စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း သန္နီမြို့ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း ထိခိုက်ပျက်စီးခဲ့ရတဲ့ ဖြစ်စဉ်ကို အသင်းတော်ရဲ့ အတွင်းရေးမှူး သိက္ခာတော် Rev. Shadan Hkun Gawng က ပြောပြထားတာ ဖြစ်ပါတယ်။
အသင်းတော်တည်ထောင်ခြင်း (၇၅) နှစ်ပြည့် စိန်ရတုသဘင်ပွဲတော်ကို ဒီဇင်ဘာလလောက်မှာ အကျဉ်းချုပ်ကျင်းပဖို့ ပြင်ဆင်မွန်းမံနေချိန်မှာ အခုလို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
လက်ရှိမှာ သိန္နီမြို့ကို MNDAA ကိုးကန့်အဖွဲ့က ထိန်းချုပ်ထားတဲ့ မြို့ဖြစ်ကြောင်း သိရပါတယ်။