ဖားကန့်မြို့မှာ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြစစ်ကြောင်း ဒီနေ့ ပြန်လည်ပြုလုပ်
–
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မှော်လှည့်သပိတ်စစ်ကြောင်းက ဆိုင်းတောင်ကျေးရွာမှာ ဒီနေ့ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်စစ်ကြောင်း ထွက်ခဲ့ကြကြောင်း သိရပါတယ်။
ဆန္ဒပြသူတွေက Airbus ကုမ္မဏီကို ဆန့်ကျင်ကန့်ကွက်ကြောင်း၊ တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ကြောင်းနဲ့ မြန်မာပြည်သူတွေကို သတ်ဖြတ်ရာမှာ ကူညီနေမှုကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုခဲ့ကြကြောင်း သိရပါတယ်။
ဆန္ဒပြပြည်သူတွေက KIA၊ PDF၊ NUG နဲ့ တိုင်းရင်းသား EROs တွေ တိုက်ပွဲတိုင်းမှာ အနိုင်ရစေရန်နဲ့ နွေဦးတော်လှန်ရေး အမြန်အောင်မြင်စေရန်လည်း ဆုတောင်းခဲ့ကြကြောင်း သပိတ်မှာ ပါဝင်သူတွေက ပြောကြပါတယ်။