Mon. Jan 6th, 2025

admin

15 sep 2021-Kachinwaves တနှိင်း-ရှင်​ဗွေယန် လမ်း​ပေါ်ရှိ တရုံ ရွာအထွက် မှာ စစ်​ကောင်စီ တပ်များအား ​ကေအိုင်​အေ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ယ​နေ့မနက် ၆ နာရီခန့်မှ စတင်ပြီး တိုက်ပွဲ ပြင်းထန်​နေ​ကြောင်း သတင်းရရှိသည်။ ” မ​နေ့က တလူးက​နေဆင်း လာတဲ့ စစ်​ကောင်စီ​တွေ နဲ့ဖြစ်​နေတာဟုတ်တယ်။မနက်... Read More
9 sep 2021-Kachinwaves တနိုင်း-ရှင်​ဗွေယန်သွားလမ်း လဂျားဘွမ်တွင် စက်တင်ဘာလ ၈ ရက်နေ့မနက်ပိုင်း စစ်ကောင်စီတပ်တို့ မိုင်းခွဲတိုက်ခံရပြီး အနည်းဆုံး ၄ ​သေဆုံးပြီးဒဏ်ရာရသူများလည်း ရှိ​ကြောင်း သတင်းရရှိသည်။ စက်တင်ဘာလ ၈ရက်နေ့က ထိုတိုက်ပွဲဖြစ်သည့်နေရာတွင် စစ်​ကောင်စီစစ်သား (၁၁ )ဦးသည် ကေအိုင်​အေတို့ ထောင်ထားသည့် မိုင်းမိပြီး ​သေဆုံးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။... Read More
အပတ်စဉ်။ 7 September 2021 – Kachinwaves ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်များ စစ်အင်းအားတိုးမြင့်လှုပ်ရှားလာတဲ့ သတင်းနဲ့အတူ ပြင်းထန်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင်များလည်း ထပ်တိုးလာတဲ့အတွက် စစ်ရှောင်များ အခက်အခဲဖြစ်နေတဲ့ သတင်းတွေကို ပြီးခဲ့တဲ့သီတင်းတစ်ပတ်မှာ တွေ့နေရပါတယ်။ မြန်မာနိုင်ငံဟာ စစ်အာဏာသိမ်းပြီးတဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ ကနေစပြီး... Read More
  7 sep 2021-Kachinwaves   ဒေါ်ထွယ် (အမည်လွဲ) တို့ မိသားစု ညအိပ်ယာဝင်ဖို့ ပြင်ဆင်နေချိန်မှာပဲ အုန်းခနဲ ကျယ်ကျယ်လောင်လောင် မြည်သံ နဲ့အတူ သေနတ်ပစ်ခတ်သံတွေ တရစပ်ကြားရတာကြောင့် ထိတ်လန့်သွားကြပါတယ်။   ပတ်ဝန်းကျင်တခုလုံးလည်း ဆူညံသွားပြီး ပေါက်ကွဲသံတွေ ပစ်ခတ်သံတွေ နီးနီးကပ်ကပ် ကြားနေရတာကြောင့်... Read More
5 July 2021-Kachinwaves မလုလု (အမည်လွဲ)တစ်ယောက် ဆိုယ်ကယ်ကို ဖြေးဖြေးမောင်းပြီး မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် လမ်းသွယ် ၁၃တွင် သူငယ်ချင်းတစ်ယောက်၏နေအိမ်ကို လိုက်ရှာနေချိန် အမျိုးသားနှစ်ယောက် ဆိုင်ကယ်ဖြင့် နောက်ဘက်ကနေ ရုတ်တစ်ရက်ရောက်ရှိလာပြီး ၎င်း၏ လည်ပင်းပေါ်က ရွှေဆွဲကြိုးကို လုယူသွားသည်။ ဆွဲကြိုးလုယူခံရချိန် အင်္ကျီလည်းပြဲသွားခဲ့ပြီး ဘက်ထရီဆိုင်ကယ်ကို အရှိန်လျှော့ပြီး... Read More
“ပြည်သူများကိုခြိမ်းခြောက်ရာရောက်ခြင်းထက် တိုင်းရင်းသားပြည်သူများ၏ မျှော်လင့်ချက်အိမ်မက်ရောင်နီ”ကို ဖျက်ဆီးပေးရာရောက်ပါသည်။ တိုင်းရင်းသားခေါင်းဆောင်များနှင့် ပြည်သူများသည် စစ်မှန်သောပြည်ထောင်စုကို တည်ဆောက်ရာတွင် စိတ်အားထက်သန်စွာ တက်တက်ကြွကြွကိုယ်စွမ်းဉာဏ်စွမ်းဖြင့် ကြိုးပမ်းခဲ့သူများဖြစ်ကြပါသည်။ တိုင်းရင်းသားများအတူတကွ လွတ်လပ်ရေးရရှိရေးနှင့် ပင်လုံစာချုပ်ချုပ်ဆိုနိုင်ရေးတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ရပ်တည်လုပ်ဆောင်ခဲ့သော ကချင်အမျိုးသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဆမားဒူဝါဆင်ဝါးနောင်သည် ပြည်ထောင်စုသားအချင်းချင်း တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို ယုံကြည်သူဖြစ်ကြောင်း ၎င်း၏အတ္ထုပ္ပတ္တိစာအုပ်များတွင် မှတ်တမ်းတင်ထားခြင်းခံရသူဖြစ်သည်။ တိုင်းရင်းသားပြည်သူများသည် ဖက်ဒရယ်ဒီမိုကရေစီစနစ်တွင်... Read More
မြစ်ကြီးနားမြို့နယ် နမ်ကျင်းကျေးရွာအထက်၊ တိုင်ယူးယန် လမ်းမဘေးတွင် အသတ်ခံထားရသည့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး၏အလောင်းကို တစ်လကျော်အကြာမှ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းအမှုကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ပလန အမှတ်(၃)ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဦးသန်းဝင်းက ပြောသည်။ ဦးခေါင်းမပါသေဆုံးနေသည့် အမျိုးသမီးတစ်ဦးနှင့်ဦးခေါင်းတွင် ဓားခုတ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းကို ထင်းခုတ်သွားသူနှစ်ဦးက ယခုလ ၂၁ ရက်နေ့တွင်... Read More
ခွင့်ပြုချက်မရှိပဲ လုပ်ထားသည့်မြေကွက်များကို သွားဝယ်မိသည်ဆိုလျှင် ဝယ်သူနှင့် ရောင်းသူ ရှင်းရမည်ဖြစ်ပြီး အစိုးရအဖွဲ့က သက်ရှိဥပဒေအရ အရေးယူမှုများ ရှိလာမည်ဖြစ်ကြောင်း ကချင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ပြောသည်။ မြေအကွက်ရိုက်မည်ဆိုလျှင် အစိုးရအား လုပ်ထုံးလုပ်နည်းနှင့် အညီတင်ပြပြီး ခွင့်ပြုချက်ရမှသာ ထိုမြေကွက်သည် တရားဝင်ဖြစ်နိုင်ကြောင်း ဝန်ကြီးဦးကျော်ကျော်ဝင်းက ပြောသည်။... Read More
မြစ်ကြီးနားမြို့ ပလနရပ်ကွက်တွင် လယ်ယာမြေများတွင် အိမ်ခြံအကွက်ရိုက်ပြီး ရောင်းချနေကြသည်ကို တားမြစ်စာများ ထုတ်ထားပြီဖြစ်ကြောင်း ပလနအုပ်ချုပ်ရေးမှူး ဦးသက်နိုင်က ပြောသည်။ “ကျွန်တော်တို့က အခုလောလောဆယ် တားမြစ်စာတွေ အကုန်ထုတ်ထားရတယ်။ ဆက်လက်လုပ်ကိုင်ဖို့ မပြုဖို့ ပြီးတော့ အစိုးရအနေနဲ့ ဒါတွေ ကျွန်တော်တို့ အကွက်ရယ်၊ ဓာတ်ပုံရယ်၊ ဧရိယာရယ် အကုန်လုံးကို ကျွန်တော်တို့... Read More
မြစ်ကြီးနားမြို့နယ် နမ်ကျင်းကျေးရွာအထက်၊ တိုင်ယူးယန် လမ်းဘေးတွင် ဦးခေါင်းမပါသေဆုံးနေသည့် အမျိုးသမီးတစ်ဦး၏ အလောင်းတွေ့ရှိထားပြီး နမ်ကျင်းကျေးရွာတာဝန်ရှိသူများကို အကြောင်းကြားထားသည်ဟု အလောင်းကိုသွားကြည့်ခဲ့သူ ဦးနော်နော်က ဆိုသည်။ “အဲဘက်ကို မီးသွေးဖုတ်တဲ့သူတွေရှိတယ်။ သူတို့လာပြောပြလို့ မနေ့ကသွားကြည့်တော့ ခေါင်းကမပါတော့ဘူး။ သတ်ခံထားရတာလည်း တော်တော်ကြာပြီးထင်တယ်။ အဝတ်က လက်နားမှာတွေ့တယ်။ အမဲရောင်အင်္ကျီမှာ အဖြူကွက်ပါတယ်။”ဟု ဦးနော်နော်က ဆိုသည်။... Read More

နောက်ဆုံးသတင်းများ