တနိုင်း-ရှင်ဗွေယန်သွားလမ်း လဂျားဘွမ်ကျေးရွာနားက တိုက်ပွဲမှာ မိုင်းခွဲခံရပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၄ ဦးသေ
9 sep 2021-Kachinwaves
တနိုင်း-ရှင်ဗွေယန်သွားလမ်း လဂျားဘွမ်တွင် စက်တင်ဘာလ ၈ ရက်နေ့မနက်ပိုင်း စစ်ကောင်စီတပ်တို့ မိုင်းခွဲတိုက်ခံရပြီး အနည်းဆုံး ၄ သေဆုံးပြီးဒဏ်ရာရသူများလည်း ရှိကြောင်း သတင်းရရှိသည်။
စက်တင်ဘာလ ၈ရက်နေ့က ထိုတိုက်ပွဲဖြစ်သည့်နေရာတွင် စစ်ကောင်စီစစ်သား (၁၁ )ဦးသည် ကေအိုင်အေတို့ ထောင်ထားသည့် မိုင်းမိပြီး သေဆုံးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
“စစ်သား၁၁ယောက် မိုင်းခွဲခံရတယ် အနည်းဆုံး လေးယောက်သေတယ် အဲ့နေရာမှာ သူတို့ ပစ္စည်းတွေ အဝတ်တွေ ကျန်ထားတာတောင် တွေ့ခဲ့တယ်”ဟု ဒေသခံတစ်ဦးကပြောသည်။
ယနေ့လည်း စစ်ကောင်စီ တပ်တို့ တပ်ဆုတ်သွားတာ လမ်းပေါ်ထွက်လာခြင်းမျိုး မတွေ့ရသေးကြောင်း ဒေသခံတစ်ဦးကပြောသည်။
တနိုင်းမှ တရုံ၊ ရှင်ဗွေယန် ဘက်တက်လာသော စစ်ကောင်စီတပ်တို့အား ကေအိုင်အေ မှ မတက်လာရန် ပြောဆိုနေသည့်ကြားက တက်လာသည့်အတွက် မိုင်းခွဲတိုက်ခိုက်ခံခြင်းဖြစ်သည်။