ပလနက အကွက်ရိုက်မြေကွက်များ ဆက်မရောင်းရန် တားမြစ်စာထုတ်
မြစ်ကြီးနားမြို့ ပလနရပ်ကွက်တွင် လယ်ယာမြေများတွင် အိမ်ခြံအကွက်ရိုက်ပြီး ရောင်းချနေကြသည်ကို တားမြစ်စာများ ထုတ်ထားပြီဖြစ်ကြောင်း ပလနအုပ်ချုပ်ရေးမှူး ဦးသက်နိုင်က ပြောသည်။
“ကျွန်တော်တို့က အခုလောလောဆယ် တားမြစ်စာတွေ အကုန်ထုတ်ထားရတယ်။ ဆက်လက်လုပ်ကိုင်ဖို့ မပြုဖို့ ပြီးတော့ အစိုးရအနေနဲ့ ဒါတွေ ကျွန်တော်တို့ အကွက်ရယ်၊ ဓာတ်ပုံရယ်၊ ဧရိယာရယ် အကုန်လုံးကို ကျွန်တော်တို့ မြို့နယ်ကို တင်လိုက်တယ်။ မြို့နယ်ကနေ အထက်ကိုတင်လိုက်ပြီး အစိုးရအနေနဲ့ ဘယ်လိုစီမံကွပ်ကဲပေးမလဲတော့ ကျွန်တော်တို့ မပြောတတ်ဘူးလေနော်။ လောလောဆယ်ဆယ်တော့ အကုန်လုံးရပ်ဆိုင်းပေါ့”ဟု အုပ်ချုပ်ရေးမှူး ဦးသက်နိုင်က ပြောသည်။
အကွက်ရိုက်ရောင်းသူများကို မြို့နယ်ရုံးတွင် တရားဝင်အစည်းအဝေးခေါ်၍ အရောင်းအဝယ်မပြုလုပ်ရန် သတိပေးထားပြီဖြစ်ကြောင်းလည်း ဦးသက်နိုင်က ပြောသည်။
ပလန ကျေးရွာတွင် သာမက မြစ်ကြီးနားမြို့ပေါ် နေရာ တော်တော်များများတွင် မြေကွက်များကို အကွက်ရိုက်ရောင်းဝယ်မူများရှိနေသည်။
။