စစ်ကောင်စီဆန့်ကျင်ရေး ဖားကန့်မှော်လှည့်သပိတ် ပြုလုပ်ခဲ့
–
ကချင်ပြည်နယ်၊ ဖားကန့်မြို့ မှော်ဒေသတစ်နေရာတွင် စစ်ကောင်စီဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို ယနေ့ နံနက်ပိုင်း၌ ဖားကန့်မှော်လှည့်သပိတ် ပြည်သူများက ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
“ပြည်သူနဲ့စတဲ့ တော်လှန်ရေး ပြည်သူ့ဆန္ဒနဲ့အဆုံးသတ်၊ စစ်အာဏာရှင် ကျဆုံးရေး ဒို့အရေး၊ ဒီမိုကရေစီရရှိရေး ဒို့အရေး” စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြောင်း သိရသည်။