KIA ခွဲထွက် ဂွေထူဌာနေပြည်သူ့စစ် ခေါင်းဆောင် ဦးလဆန်အောင်ဝါ ကွယ်လွန်
–
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာ ဂွေထူဌာနေပြည်သူ့စစ်ခေါင်းဆောင် ဦးလဆန်အောင်ဝါ သည် ယနေ့ နံနက် ခရစ်တော်ထံ၌ အိပ်ပျော်သွားကြောင်း သိရသည်။
အသက် (၈၀) နှစ်ကျော် ဦးလဆန်အောင်ဝါသည် နှလုံးနှင့်သွေးတိုးရောဂါအခံကြောင့် ဆေးဝါကုသနေရသူဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။
နောင်းချိန်းကျေးရွာဒေသခံက “ဒီမနက်ဆုံးသွားတယ်လို့တော့ ကြားတယ်။ အခုတလော နာမကျန်းဖြစ်တာ ကြာပြီလို့လည်း သိရတယ်။ နောင်ချိန်းနဲ့ ဂွေထူက သူ့ကြောင့် ငြိမ်းချမ်းနေတာလေ”လို့ ၎င်းက ပြောပါသည်။
ကွယ်လွန်သွားသူ ဦးလဆန်အောင်ဝါ သည် KIA ၌ အမျိုးသားလုံခြုံရေးနှင့် ထောက်လှမ်းရေးဌာန (Amyusha Shim Lam) အကြီးအကဲ တာဝန်ယူနေစဉ် ၂၀၀၄ ခုနှစ်တွင် ခွဲထွဲသွားပြီး၊ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ဖွဲ့စည်းကာ ဝိုင်းမော်မြို့နယ် ဂွေထူဒေသတွင် အခြေစိုက်နေသူဖြစ်သည်။