SNA နဲ့ ပျူစောထီးစခန်းနှစ်ခုကို KIA နဲ့ PDF တို့ အပြီးတိုက်ခိုက်သိမ်းပိုက်
–
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးရှိ စစ်ကောင်စီ လက်အောက်ခံ SNA နဲ့ ပျူစောထီးစခန်းဖြစ်တဲ့ စိုင်းပန်းစခန်းနဲ့ ရွှေတွင်းတပ်စခန်းကို မနေ့က ညနေပိုင်း ၆ နာရီလောက်မှာ KIA ပူးပေါင်းတပ်တို့အပြီး တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရှေ့တန်းမြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“တိုက်နေတာကြာပြီ။ သူတို့ဘက်က ဒရုန်းနဲ့ လေယာဉ်အကူတွေရှိလို့ ကြာနေတာ။ ဒီမနေ့က ညနေပိုင်း ၆ နာရီ ၅၀ မိနစ်လောက်မှာတော့ အပြီးတိုက်သိမ်းလိုက်ပြီ။”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့ကလည်း ဆယ်ဇင်းကျေးရွာအနီးရှိ ရှမ်းနီပြည်သူ့စစ်တပ်စခန်းကြီးကို KIA နဲ့ PDF ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရပါတယ်။