Breaking News: ကွတ်ခိုင် တရုတ်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းအနီး စစ်ကောင်စီ၏ လေယာဉ်ဗုံးပစ်ခတ်မှုကြောင့် ၃ ဦးသေ၊ ၇ ဦး ဒဏ်ရာရ
–
ကွတ်ခိုင်မြို့တွင် နိုဝင်ဘာလ ၁၇ ရက်နေ့ညသန်းခေါင် ၁၂ နာရီဝန်းကျင်က စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်ဖြင့် ပစ်ခတ်မှု တရုတ်နှစ်ခြင်းခရစ်ယာန်အသင်းတော်ဘုရားကျောင်းအနီးရှိ လူနေအိမ်တစ်လုံး၌ ကျရောက်ပေါက်ကွဲ၍ ၃ ဦးသေဆုံးပြီး ၇ ဦးထိခိုက်ဒဏ်ရာ ရရှိကြောင်း သတင်းရရှိသည်။
“သေတာက သုံးယောက်ဟုတ်တယ်။ သက်ကြီးအမျိုးသားတစ်ဦးနဲ့ ကလေးနဲ့ မိခင်ဟုတ်တယ်။ ကလေးက နှစ်လသားအရွယ်ပဲရှိသေးတယ်။”ဟု ကွတ်ခိုင်သတင်းရင်းမြစ်က ပြောသည်။ ဒဏ်ရာရ လူနာ (၇) ဦးရှိသည်ဟုလည်း ပြောပါသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့နှင့် ယခု နိုဝင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းတွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အရပ်သားနေရာများ၌ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားသေဆုံးထိခိုက်မှုနှင့် နေအိမ်အဆောက်အအုံထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။