ရွှေဘိုမြို့အထွက်က စစ်ကောင်စီဂိတ် ဒရုန်းနဲ့တိုက်ခိုက်ခံရ
–
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အထွက် တောင်ဘက်မုဒ်ဝမှာ ဂိတ်ထိုင်အခွန်ကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုမြို့ဒေသခံ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။
စစ်ကောင်စီအင်အား ၂၀ ကျော်နဲ့ အထိုင်ချတပ်စွဲပြီး အခွန်ကောက်နေတဲ့ ရွှေဘိုမြို့အဝင် တောင်ဘက်မုဒ်ဦးဝကို မနေ့ည ဩဂုတ်လ ၂၉ ရက်နေ့ ၇ နာရီအချိန်မှာ ဒရုန်းနဲ့ ဗုံးသီး (၁၄) လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုနယ်ခံ ပကဖ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ည ၇ နာရီအချိန် စတင်တိုက်ခိုက်ခဲ့တာပါ။ ဒရုန်းဗုံးသီး (၁၄) လုံးချခဲ့ပါတယ်ဗျ။ သူတို့ (စကစ) တွေ အထိခိုက်ရှိပါတယ်။ အဲ့တာကြောင့်လည်း သူတို့ဘက်က လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ရှိခဲ့တယ်။”လို့ ပြောပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေး ပကဖ၊ ရွှေဘိုမြို့နယ် PDO၊ Done အဖွဲ့၊ တိုက်နယ် (၅) Fixed Wings Done အဖွဲ့၊ ဘီလူးညီနောင် Fixed Wings Done အဖွဲ့၊ IC Fixed Wings Done အဖွဲ့၊ အားမာန် Fixed Wings Done အဖွဲ့၊ တိုက်နယ် (၅) တိုက်ခိုက်ရေးအဖွဲ့နဲ့ နယ်မြေခံ ပကဖ များပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။