နေပြည်တော်သိမ်းမယ့် စစ်ဆင်ရေး မဝေးတော့ဘူးလို့ MDY-PDF ပြော
–
မန္တလေးကနေ စစ်ကောင်စီ ဗိုလ်ချုပ်ကြီးများ ရုံးစိုက်ရာ နေပြည်တော်ကို ထိုးစစ်ဆင်ဖို့ မဝေးတော့ဘူးလို့ MDY – PDF က ဒီကနေ့ ဩဂုတ်လ ၂၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
“မန္တလေးမှသည် နေပြည်တော်ဆိုတာလည်း မဝေးတော့ဘူးဆိုတာ အသေအချာပါဘဲ”လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
လက်ရှိမှာလည်း မန္တလေးတိုင်းကနေ ရှမ်းမြောက်ကို နေ့ချင်းပြန်သွားနိုင်နေပြီဖြစ်ကြောင်းလည်း ဆိုထားပါတယ်။
“စစ်သည်၊ စစ်မေများရဲ့ အားစိုက်ထုတ်မှု ပြည်သူတွေရဲ့ အားပေးထောက်ခံမှုနဲ့အတူ မန္တလေးမှ ရှမ်းမြောက်၊ ရှမ်းမြောက်ကနေ မန္တလေးကို သွားနိုင်ပြီ မဝေးတော့တဲ့ ခရီးစဉ်အတွက် အသက်ပေးလှူသွားရသော စစ်သည်၊ စစ်မေများနှင့် ကိုယ်လက်အင်္ဂါစွန့်သွားသော စစ်သည်၊ စစ်မေများကို ဦးညွတ်ဂုဏ်ပြုလျက်”လို့ ဖော်ပြထားပါတယ်။
ဇွန် ၂၅ ရက်နေ့ကစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး (ဒုတိယပိုင်း)မှာ တိုင်းရင်းသားတော်လှန်ရေးတပ်၊ စစ်ကိုင်းတိုင်းက တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းစစ်ဆင်ရေးလုပ်နေတဲ့ MDY – PDF (မန္တလေး PDF) တပ်တွေဟာ မန္တလေလေးတိုင်းထဲက စဉ့်ကူး၊ သပိတ်ကျင်းနဲ့ တကောင်းမြို့တွေကို သိမ်းပိုက်ထားပြီး ဗျူဟာကျတဲ့ စစ်ကောင်စီတပ်စခန်းတွေကိုလည်း သိမ်းပိုက်ထားကြောင်း သိရပါတယ်။