လေယာဉ်ဗုံးကြောင့် လမ်းဘေးဈေးသည် ဖြစ်သွားရတဲ့ ကွတ်ခိုင် မြို့မဈေးက ဆိုင်ခန်းပိုင်ရှင်တစ်ဦး
–
“ဒီကောင်းကင်မှာ ပျံနေတဲ့ ခရီးသည်လေယာဉ်လေးပျံသွားတာ ကြားရင်တောင်မှ အားလုံးက ကြောက်ကြတယ်ကွာ၊ ဒီလေယာဉ်သံဆိုတာနဲ့ ဘာမှမဟုတ်တဲ့ လမ်းဘေးမှာ ဈေးရောင်းနေရင်တောင်မှဗျား၊ လေယာဉ်သံကြားလိုက်တာနဲ့ အားလုံးက ကောင်းကင်ကို အရင်မော့ကြည့်ပြီးမှ လေယာဉ်ကို လိုက်ရှာကြတယ်ပါ့။ လေယာဉ်ကို လိုက်ရှာပြီးမှ အများပိုင်း ဟိုဘက်ကပျံလာတယ်။ အဲသလိုမျိုး အဖြူ(ရောင်လေယာဉ်)တွေ့မှ အားလုံး စိတ်အေးတယ်ပါ့။ မဟုတ်လို့ရှိရင် အဲ့လေယာဉ်တွေ မတွေ့မချင်းတော့ ရှာပြီးမှ မတွေ့ဘူးဆိုရင်တော့ ပြေးဖို့အကုန်လုံး အဆင်သင့်၊ ဈေးရာင်းနေတဲ့ ဈေးသူဈေးသားတွေ အကုန်လုံးပေါ့။ လန့်ပြီးပြေးကြတာပေါ့။”