မြစ်ကြီးနား – ရန်ကုန် လေယာဉ်လက်မှတ် ၈ သိန်းကျော်လာ၊ အာဏာမသိမ်းမီကထက် ၅ ဆကျော် ဈေးတက်
–
လက်ရှိ ဩဂုတ်လအတွင်း မြစ်ကြီးနား – ရန်ကုန် ခရီးသည် လေယာဉ်လက်မှတ်ဈေးနှုန်း တစ်ကြောင်းအတွက် ၈ သိန်းကျပ်အထက် ရှိလာကြောင်း ခရီသွားပြည်သူများထံမှ သိရသည်။
“ဈေးနှုန်းက လက်မှတ်ရောင်းတဲ့ အေးဂျင့်တစ်ယောက်နဲ့ တစ်ယောက် မတူဘူး။ သောင်းဂဏန်း ကွာတယ်။ ကျွန်တော်က ၇ သိန်း ၈ သောင်းနဲ့ ဝယ်လိုက်ရတာ။ အခုတော့ အေးဂျင့်တွေက လက်မှတ်တစ်ခုကို ၈ သိန်းအထက်၊ အောက်နဲ့ ကစားနေကြတယ်။”ဟု ခရီးသည်တစ်ဦးက ပြောသည်။
ကချင်ပြည်နယ်တွင် အင်တာနက်နှင့် ဖုန်းလိုင်းများ ပြတ်တောက်မှု မဖြစ်သေးသည့် ဇူလိုင်လအထိ မြစ်ကြီးနား – ရန်ကုန် လေယာဉ်လက်မှတ် ဈေးနှုန်းမှာ ၆ သိန်းကျော်သာရှိခဲ့ကြောင်း သိရသည်။
ငွေကြေးဖေါင်းပွမှု မြင့်တက်နေချိန် တိုက်ပွဲလည်း ဖြစ်ပွားနေသည့် ကချင်ပြည်နယ်တွင် အင်တာနက်နှင့် ဖုန်းလိုင်းများ ပြတ်တောက်နေပြီး မြစ်ကြီးနားမှ မန္တလေး၊ ရန်ကုန်မြို့များသို့ ထွက်ခွာလိုသူများအတွက် လေကြောင်းလမ်းသည် တစ်ခုတည်းသော လမ်းလိုဖြစ်နေစဉ် ဈေးတက်လာခြင်း ဖြစ်သည်။
အာဏာမသိမ်းမီ ကာလတွင် မြစ်ကြီးနား – ရန်ကုန် လေယာဉ်လက်မှတ်ဈေးနှုန်းမှာ ၁ သိန်းကျော်နှင့် ၂ သိန်းနီးပါးကြားသာရှိခဲ့ကြောင်း သိရသည်။