မြစ်ကြီးနားမြို့အထက်ပိုင်းရှိ စကစ စခန်း ၃ ခုကို KIA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်
–
KIA ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်နေသည့် မြစ်ဆုံအထက် မြစ်ကြီးနားမြို့နယ် တီယန်ဇွပ်ကျေးရွာမှ စစ်ကောင်စီတပ်စခန်းကို ယနေ့နံနက် ၉ နာရီတွင် အပြီးသတ် သိမ်းပိုက်လိုက်နိုင်ကြောင်း KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“စခန်း ၃ ခုခွဲပြီးမှ နေနေတာ။ စခန်း ၃ ခုလုံးသိမ်းပြီ။ လက်နက်တွေလည်း သိမ်းရမိတယ်။”ဟု ဗိုလ်မှူးနော်ဘူက ဖြေကြားခဲ့သည်။
အဆိုပါ တီယန်ဇွပ်တပ်စခန်းသည် ဝိုင်းမော်မြို့အခြေစိုက် ခလရ (၅၈) တပ်ရင်းမှူးအထိုင်ချနေသည့် စစ်စခန်းဖြစ်ပြီး ၎င်းစခန်းကို ယမန်နေ့နံနက် ၈ နာရီဝန်းကျင်တွင် စတင်ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်။
တီယန်ဇွပ်ကျေးရွာသည် မြစ်ကြီးနား – ပူတာအို ကားလမ်းကြော၌တည်ရှိပြီး ကျေးရွာနေ ဒေသခံများမှာ တိုက်ပွဲမဖြစ်မီကတည်းက ရှောင်တိမ်းသွားကြကြောင်း သိရသည်။ ၎င်ကျေးရွာသည် ဇွန်လကုန်က ဧရာဝတီမြစ်ရေကြီးစဉ်ကလည်း ရေဘေးဒဏ်ခံခဲ့ရသည့် ကျေးရွာဖြစ်သည်။
KIA နှင့်ပူးပေါင်းတပ်ဖွဲ့တို့သည် ဇူလိုင် ၂၄ ရက်နေ့မှစပြီး ဗန်းမြို့ဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။