တရားဝင် သမ္မတများမပါသည့် ကာလုံအစည်းအဝေးကျင်းပပြီး (၆) လသက်တမ်း ထပ်တိုးကြောင်း စစ်ကောင်စီထုတ်ပြန်
–
အာဏာသိမ်းပြီး ၂ နှစ်အတွင်း ရွေးကောက်ပွဲကျင်းပရန် ရည်ရွယ်ထားသော်လည်း မကျင်းပနိုင်ခဲ့သည့်အတွက် “နိုင်ငံတစ်ဝန်းလုံးအရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း” စစ်ကောင်စီက ယနေ့ထုတ်ပြန်လိုက်သည်။
တရားဝင်သမ္မတများ ပါဝင်မှုမရှိသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးကို ယနေ့နံနက်ကျင်းပခဲ့ပြီး ယာယီသမ္မတအဖြစ် တာဝန်ယူထားသည့် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်း ၏ တင်ပြချက်ကို “တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ပြီး” အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းထုတ်ပြန်ထားသည်။
အစည်းအဝေးတွင် ဦးတီခွန်မြတ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နယ်စပ်ရေးရာဝန်ကြီးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထားသည့် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြကြောင်း ဖော်ပြထားသည်။
၂၀၂၁ မှ ၂၀၂၄ ခုနှစ်အထိ စစ်ကောင်စီက အရေးပေါ်ကာလ တက်တမ်းတိုးခဲ့သည်မှာ ယခုတစ်ကြိမ်နှင့်ဆိုလျှင် (၆) ကြိမ်မြောက် သက်တမ်းတိုးခြင်း ဖြစ်သည်။