ဗန်းမော်မြို့နယ် မံရွတ်ရွာက ခလ၇ (၄၇) တပ်စခန်းတစ်ခုကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်
–
ဗန်းမော်မြို့အနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း မံရွတ်ရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ရဲ့ ခလ၇ (၄၇) တပ်စခန်းတစ်ခုကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အခုလ ဇူလိုင် ၂၄ ရက်နေ့ မနက်ကနေ မိုးမောက်မြို့စောင့်တပ် ခမရ ၄၃၇ တပ်စခန်းကို KIA၊ AA၊ KPDF ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး၊ ပြီးခဲ့တဲ့အပတ်က ဗန်းမော်မြို့နယ် မံရွတ်ကျေးရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIO ရဲ့သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းဖော်ပြထားပါတယ်။
မိုးမောက်နဲ့ ဗန်းဗော်မြို့အနီးဝန်းကျင်က တိုက်ပွဲတွေဟာ ဒီနေ့ထိ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသနဲ့နီးစပ်သူတွေထံက သိရပါတယ်။