ကချင်မှာ ပြည်နယ်မြို့ကြီးအားလုံးနီပါး ဖုန်း၊ အင်တာနက်လိုင်း ပြတ်တောက်နေ
–
မြစ်ကြီးနားမြို့ အပါအဝင် ကချင်ပြည်နယ် မြို့နယ်အားလုံးနီးပါး ဒီကနေ့မနက် ၁၀ နာရီဝန်းကျင်လောက်ကစပြီး ဖုန်း၊ အင်တာနက်လိုင်းတွေ အကုန်ပြတ်တောက်သွားတယ်လို့ သိရပါတယ်။
ပြည်နယ် မြို့ကြီးတွေဖြစ်တဲ့ မြစ်ကြီးနား၊ ဖားကန့်၊ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ ရွှေကူစတဲ့ ကချင်ပြည်နယ်အတွင်းက မြို့တွေအားလုံး ဆက်သွယ်ရေး ပြတ်တောက်နေတဲ့အပြင် စစ်ကိုင်း – ကချင်အစပ် အင်းတော်၊ ကသာ အစရှိတဲ့ နေရာတွေကိုပါ လက်ရှိအချိန်ထိ ဆက်သွယ်လို့ မရသေးဘူးလို့ သိရပါတယ်။
အရင်နေ့တွေမှာတော့ အင်တာနက်လိုင်းတွေ ပြတ်တောက်ပြတ်တောက် ဖြစ်နေခဲ့ပေမဲ့ ဒီကနေ့က လုံးဝပြတ်တောက်သွားတာ ဖြစ်ပါတယ်။
အင်တာနက်ပြတ်တောက်သွားရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းအတည်ပြုနိုင်ခြင်း မရှိသေးပါ။