မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က စစ်ကောင်စီစခန်း ၂ ခုကို PDF ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်
–
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ အင်းနက်ရွာ တာဝါတိုင်ကုန်းစစ်စခန်းနှင့် စစ်ဆေးရေးဂိတ်ကို ယမန်နေ့ ဇူလိုင် ၂၀ ရက်နေ့တွင် PDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ကြောင်း သိရပါတယ်။
“အမှတ် (၁) စစ်ဒေသ၊ မန္တလေးတိုင်း PDF တာဝန်ခံရုံး ကွပ်ကဲမှုအောက်ရှိ အမှတ် (၃) အထူးလှုပ်ရှားတပ်ရင်း၊ တိုင်းဒရုန်းအဖွဲ့နှင့် သပိတ်ကျင်းမြို့နယ် (ပကဖ) တို့ တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့သည်။”ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက စစ်ရေးသတင်း ထုတ်ပြန်ထားသည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၈ လောင်း၊ စစ်သုံ့ပန်း ၈ ဦးတို့ကိုရရှိခဲ့သည့်အပြင် လက်နက်ငယ် (၂၃) လက်၊ ကျည်မျိုးစုံ (၃၃၇၉) တောင့်၊ လက်ပစ်ဗုံး (၄) လုံး၊ ရှေ့ထွက်မိုင်း (၁) လုံး၊ ကျည်ဘောက် (၉၉) ဘောက် သိမ်းဆည်းရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။