မြစ်ကြီးနားမြို့တွင် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်
2 July 2024 – Kachinwaves
မြစ်ကြီးနားမြို့တွင် နောက် ၂ ရက်အတွင်း ဧရာဝတီမြစ်ရေ၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းသွားနိုင်ကြောင်း မိုးဇလညွှန်ကြားရေးမှူးဦးစီးဌာနက ယနေ့ နံနက် ၇ နာရီခွဲတိုင်ထွာချက်အရ ထုတ်ပြန်ထားသည်။
လောလောဆယ် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ၄ ပေကျော် (၁၃၅ စင်တီမီတာ) တွင် ရှိနေသေးသော်လည်း တစ်ဖြည်းဖြည်းနှင့် ရေလျော့ကျနေပြီး နောက်နှစ်ရက်အတွင်း မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ကျဆင်းသွားနိုင်ကြောင်း ခန့်မှန်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။
မြစ်ရေကြီးမှုကျဆင်းသွားသော်လည်း ပျက်စီးဆုံးရှုံးမှုများသည်ဟု မြစ်ကြီးနားမြို့နယ် တီယန်ဇွပ်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။
ယမန်နေ့တွင် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ် ၆ ပေကျော်အထိရောက်ရှိခဲ့ပြီး မြို့၏ သုံးပုံနှစ်ပုံခန့် ရေဝင်ရောက်ခဲ့၍ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ဆောင်မှုလည်း မလုံလောက်ခဲ့ကြောင်း သိရသည်။