မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ်အထက် ၁ ပေကျော်လျော့ကျလာ
2 July 2024 – Kachinwaves
မြစ်ကြီးနားမြို့တွင် မြစ်ရေစိုးရိမ်ရေမှတ်အထက် ၁ ပေ ကျော်လျော့ကျနေပြီဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာန ထုတ်ပြန်သည်။
ယမန်နေ့ည ၆ နာရီခွဲအချိန်တွင် စိုးရိမ်ရေမှတ်အထက် ၆ ပေကျော် (၁၉၂ စင်တီမီတာ) ရှိရာမှ ယနေ့နံနက် ၆ နာရီခွဲထုတ်ပြန်ချက်တွင် ၄ ပေကျော် (၁၄၈ စင်တီမီတာ) သို့လျော့ကျနေပြီဖြစ်၍ ၁ ပေကျော်လျော့ကြပြီ ဖြစ်ကြောင်း သိရသည်။