မြစ်ကြီးနားမြို့တွင် မြစ်ရေ စိုးရိမ်ရေမှတ်အထက် ၃ လက်မခန့်ရောက်ရှိနေပြီး၊ စိုးရိမ်ရေမှတ်အထက် ဆက်လက်ရှိနေနိုင်
30 June 2024 – Kachinwaves
မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ် စိုးရိမ်ရေမှတ် အထက်သို့ ၃ လက်မခန့်ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
မြို့၏မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေများဝင်ရောက်နေကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာနက နောက်တစ်ရက်အတွင်း မြစ်ကြီးနားမြို့တွင် ၃ ပေးခန့်မြင့်တက်လာနိုင်ပြီး စိုးရိမ်ရေမှတ်အထက် ဆက်လက်ရှိနေနိုင်ကြောင်း ယနေ့ည ၇ နာရီတွင် ထုန်ပြန်ထားသည်။
ဧရာဝတီမြစ်ရေတိုးလာသောကြောင့် မြစ်ကြီးနားအထက် တီယန်ဇွပ်ကျေးရွာတွင်လည်း နေအိမ်အချို့ ရေမြုပ်နေကြောင်း သိရသည်။ ထို့အပြင် ဝိုင်းမော်မြို့ဘက်ခြမ်း မြစ်ကမ်းဘေးရှိ စစ်ရှောင်စခန်းများလည်း မြစ်ရေကြီးလာ၍ ပြောင်းရွှေနေရကြောင်း သိရသည်။
ကချင်ပြည်နယ်တွင် နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်းလည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။