ဆဒုံးမြို့အပါအဝင် စစ်ကောင်စီတပ်စခန်း ၄ ခုကို KIA နှင့်ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်
11 June 2024 – Kachinwaves
ဝိုင်းမော် – ကန်ပိုင်တည်လမ်းက ဆဒုံးမြို့အပါအဝင် စစ်ကောင်စီတပ်စခန်း ၄ ခုကို ယနေ့တစ်ရက်တည်း၌ KIA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ဆဒုံးမြို့သည် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက မြို့နယ်ခွဲအဆင့်ရှိသည့် မြို့ဖြစ်သည်။
KIO သတင်းနှင့် ပြန်ကြားရေးဌာနကလည်း ကန်ပိုင်တည်လမ်းက စစ်ကောင်စီတပ်စခန်းများဖြစ်သည့် ဘွမ်တောင်စခန်း၊ ချီဖွေနဲ့ ကန်ပိုင်တီလမ်းခွဲနေရာက စုပေါင်းစစ်ဆေးရေးဂိတ်နှင့် လဖိုင်ရွာက တပ်စခန်း ၃ ခုကို ယနေ့သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းဖော်ပြထားသည်။
ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေပြီး မြစ်ကြီးနား စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးများကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများရှိခဲ့သည်။
ထို့အပြင် စစ်ကောင်စီတပ်က ဝိုင်းမော်မြို့ လမြန်ကျေးရွာ နှစ်ခြင်းအသင်းတော် ဘုရာကျောင်းကို ယမန်နေ့က ဒရုန်းဖြင့် ဗုံးကြဲဖျက်ဆီးခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။