ဆွမ်ပရာဘွမ်မြို့ကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့တို့ အပြီးသိမ်း
5 May 2024 – Kachinwaves
ဆွမ်ပရာဘွမ်မြို့ကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က ယနေ့ အပြီးသတ်သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း သိရသည်။
မြို့ကို မတ်လကတည်းက ထိန်းချုပ်ထားနိုင်ခဲ့သော်လည်း အဓိက တပ်စခန်းကုန်းကို သိမ်းပိုက်ရန်ကျန်ရှိနေခဲ့ခြင်းဖြစ်ပြီး ၎င်းတပ်စခန်းကို သိမ်းပိုက်နိုင်ပြီဖြစ်၍ ဆွမ်ပရာဘွမ်မြို့ကို အပြီးထိန်းချုပ်နိုင်ခြင်း ဖြစ်သည်။
မတ် ၈ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ဆွမ်ပရာဘွမ်မြို့အနီးရှိ ခလရ ၄၆ တပ်ရင်း စခန်းများကို တိုက်ခိုက်နိုင်ခဲ့၍ မြို့ပေါ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် (၁၆) ယောက်လည်း လက်နက်နှင့်အတူ KIA ထံလက်နက်ချ ဝင်လာခဲ့ပြီးေနာက် အဓိကတပ်စခန်းအား ၂ လနီးပါး ပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီးေနာက် အပြီးသတ် သိမ်းပိုက်နိုင်ခြင်း ဖြစ်သည်။
ဆွမ်ပရာဘွမ်မြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် အကြိမ်ပေါင်းရာချီ ဗုံးကြဲကာကွယ်ခဲ့သည့်ကြားမှ KIA နှင့် တော်လှန်ရေးတပ်ဖွဲ့ဘက်က သိမ်းပိုက်နိုင်ခြင်း ဖြစ်သည်။
ဆွမ်ပရာဘွမ်မြို့သည် KIA တပ်မဟာ (၁) နယ်မြေအတွင်းကျရောက်ပြီး မြစ်ကြီးနားမြို့နှင့် ပူတာအိုမြို့ကြားက မြို့နယ်ရုံးစိုက်သည့် မြို့ဖြစ်သည်။