ရွှေလီမြစ်ရိုးတစ်လျှောက် မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချနေသူ ၂ ဦးအား ABSDF က ဖမ်းဆီး
1 May 2024 – Kachinwaves
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်နှင့် မဘိမ်းမြို့နယ်အစပ်က ရွှေလီမြစ်ရိုးတစ်လျှောက် မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချနေသူ ၂ ဦးအား ဖမ်းဆီးခဲ့ေကြာင်း ABSDF Column – 2 က ယမန်နေ့ ဧပြီ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ဧပြီလ၂၄ ရက်နေ့တွင် ABSDF Column-2 မှ တပ်ခွဲ (၁) နှင့် ဒေသကာကွယ်ရေးအဖွဲ့များက မူးယစ်ေဆးဝါးရောင်းချနေသည်ဟု သတင်းရရှိ၍ ညအချိန် ၈ နာရီ ၄၀ မိနစ်ခန့်တွင် ရှောင်သခင်ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးခဲ့သည်ဟု ABSDF Column-2 ၏ ပြန်ကြားရေးတာဝန်ခံ ကိုအာကာက ပြောသည်။
အဆိုပါ ဝင်ရောက်ဖမ်းဆီးရာ အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၁) ဦးထံမှ ဘိန်းဖြူ (၄၅) ကျပ်သားနှင့် စိတ်ကိုေပြာင်းလဲစေသော မူးယစ်ဆေးပြား (၇၆၀၀) ပြားကို သက်သေများနှင့်တကွ ဖမ်းဆီးရမိခဲ့သည်ဟု ပြောသည်။
သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများကိုလည်း သက်ဆိုင်ရာရွာလူကြီးများ၏ရှေ့၌ မီးရှို့ဖျက်ဆီးခဲ့ပြီး တရားခံများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။