မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နမ့်ပေါင်လေတပ်ကို ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် တိုက်ခိုက်
19 April 2024 – Kachinwaves
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြစ်ကြီးနား နမ့်ပေါင်လေတပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြောက်ပိုင်းညီနောင် PDF (NBPDF) က ထုတ်ပြန်သည်။
မြစ်ကြီးနားမြို့ မော်ဖောင်းကျေးရွာရှိ နမ့်ပေါင်လေတပ်စခန်းကို ယနေ့နံနက် ၁၀ နာရီဝန်းကျင်က ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့နှင့် ယခုနှစ် မတ်လ ၇ ရက်နေ့ကလည်း အဆိုပါလေတပ်စခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးပြီး လေဆိပ်အတွင်း ထိခိုက်မှုများရှိခဲ့သည်ဟု ကြားသိရသည်။