မြစ်ကြီးနား အကျဉ်းထောင်မှ လွတ်မြောက်လာတဲ့ နိုင်ငံရေး၊ လူမှုရေး နယ်ပယ်ထဲက ခေါင်းဆောင် ၃ ဦး
17 April 2024 – Kachinwaves
ဒီကနေ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ကချင်ပြည်နယ်က နိုင်ငံရေး၊ လူမှုရေး နယ်ပယ်ထဲက ခေါင်းဆောင် ၃ ဦး မြစ်ကြီးနား အကျဉ်းထောင်မှ လွတ်မြောက်လာပါတယ်။
သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် (Rev. Dr. Hkalam Sam Sun) ဟာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ရဲ့ အထွေထွေအတွေးရေးမှူးနဲ့ ဥက္ကဌဟောင်းဖြစ်ပြီး လက်ရှိအကြံပေးပုဂ္ဂိုလ် ဖြစ်ပါတယ်။
ဦးနေဝင်း ဟာ NLD ပါတီဝင်ဖြစ်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ လူမှုရေးဝန်ကြီး တာဝန်ထမ်းဆောင်နေစဉ် ဖမ်းဆီးခံရသူ ဖြစ်ပါတယ်။
ဦးဇော်ဝင်းလည်း NLD ပါတီဝင်ဖြစ်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး တာဝန်ထမ်းဆောင်နေစဉ် ဖမ်းဆီး ခံရသူဖြစ်ပါတယ်။
သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဦးနေဝင်းနဲ့ ဦးဇော်ဝင်းကိုလည်း စစ်ကောင်စီအာဏာသိမ်းပြီးနောက် ချက်ချင်းထိန်းသိမ်းခံခဲ့ရပြီး တရားစွဲပြစ်ဒဏ်ချခံခဲ့ရတာ ဖြစ်ပါတယ်။