ဆွမ်ပရာဘွမ်တွင်လည်း ယနေ့ကစပြီး တိုက်ပွဲဖြစ်၍ မြို့ပေါ်ပြည်သူများပြင် တိမ်းရှောင်နေရ
8 March 2024 – Kachinwaves
ကချင်ပြည်နယ်၊ မြစ်ဆုံအထက်ပိုင်း KIA တပ်မဟာ (၁) နယ်မြေများတွင်လည်း ယနေ့ မတ်လ ၈ ရက်နေ့ကစပြီး စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်ခံနေရကြောင်း ဒေသခံများထံမှ သိရသည်။
ဆွမ်ပရာဘွမ်မြို့နယ် မလိယာန်ကျေးရွာဘက်က စစ်ကောင်စီစခန်းများကို KIA တပ်ဖွဲ့က သွားရောက်တိုက်ခိုက်နေကြောင်း ကနဦး သိရှိရပြီး ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
တိုက်ပွဲဖြစ်ပွားလာ၍ ဆွမ်ပရာဘွမ်မြို့ပေါ်ရှိပြည်သူများလည်း မြစကြီးနားဘက်နှင့် နီးသည့် နီးစပ်ရာကျေးရွာများသို့ ယနေ့ တိမ်းရှောင်သွားကြသည်ဟု ဒေသနှင့် နီးစပ်သည့်သတင်းရင်းမြစ်များထံမှတဆင့် သိရသည်။
KIO/KIA ဌာနချုပ်ဒေသ လိုင်းဇာအနီးဝန်းကျင်များတွင်လည်း ယမန်နေ့ မတ်လ ၇ ရက်နေ့ကစပြီး စစ်ကောင်စီတပ်စခန်းတစ်ဆယ်ကျော်ကို KIA နှင့် မဟာမိတ်ပူးပေါင်းတပ်များက တစ်ပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။