ကချင်က နာမည်ကြီး ပြည်သူ့စစ်ေခါင်းေဆာင် ဦးရွှေမင်း သေဆုံး
7 March 2024 – Kachinwaves
လိဆူစစ်တပ်တည်ထောင်မယ်ဆိုပြီး အတင်းအဓမ္မလူစုဆောင်းနေတဲ့ လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း ဒီမနက်က တိုက်ခိုက်ခံပြီး သေဆုံးသွားပြီး သူ့ရဲ့စခန်းကိုလည်း တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်လိုက်ပြီဖြစါကြောင်း သိရပါတယ်။
ဦးရွှေမင်းပါဝင်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ စီးလာတဲ့ကားကို ဝိုင်းမော်အထွက်မှာ KIA ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသွားတာလည်း ဟုတ်မှန်တဲ့အကြောင်းလို့ KIA သတင်းရင်းမြစ်တွေက အတည်ပြုပြောဆိုကြပါတယ်။
တိုက်ပွဲဖြစ်နေတဲ့နေရာကို ထွက်ခွါလာတဲ့ ဦးရွှေမင်းသမီးရဲ့ကားကို တိုက်ခိုက်ရာက ကားပေါ်ပါလာတဲ့ ဦးရွှေမင်းအပါအဝင် ပြည်သူ့စစ်အဖွဲ့ဝင်တွေ သေဆုံးခဲ့တာဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။
ဒီကနေ့ မွန်းလွဲပိုင်းမှာတော့ အောင်မြေ (၁) ကျေးရွာမှာရှိတဲ့ ဦးရွှေမင်းရဲ့ လီဆူပြည်သူ့စစ်စခန်းကိုလည်း KIA ပူးပေါင်းအဖွဲ့က သိမ်းလိုက်နိုင်ပြီလို့ သတင်းတွေထွက်ပေါ်နေပြီး အထက်ပါဖြစ်စဉ် ၂ ခုလုံးဟာ ဟုတ်မှန်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အချို့ကလည်း အတည်ပြုပေးပါတယ်။
ဦးရွှေမင်းသေဆုံးတဲ့ကိစ္စနဲ့ပက်သက်ပြီး လီဆူပြည်သူ့စစ်အဖွဲ့ကို ဆက်သွယ်ပေမဲ့ အဆက်အသွယ်မရရှိသေးပါဘူး။
ဒီကနေ့မနက် ၄ နာရီဝန်းကျင်ကစပြီး မြစ်ကြီးနား – ဗန်းမော်လမ်းကြောတစ်လျှောက်က စစ်တပ်စခန်းတွေကို KIA ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်နေတာဖြစ်ပြီး လက်ရှိချိန်မှာ ဦးရွှေမင်းရဲ့ ပြည်သူ့စစ်စခန်းအပါအဝင် စခ