ကလေးမြို့ ထိုမာရွာနှင့် သာယာကုန်းရွားကြားတွင် တိုက်ပွဲဖြစ်ပွားပြီး စကစ ဘက်မှ ၈ ဦးသေဆုံး၊ ပျူစောထီးမင်္ဂလာဆောင်ပွဲ တိုက်ခိုက်ခံရ
6 March 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် ၂ မိုင်အကွာရှိ ထိုမာရွာနှင့် သာယာကုန်းရွားကြားတွင် တော်လှန်ရေးအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ (၈) ဦး သေဆုံးခဲ့ပြီး ၂၀ ဦးဒဏ်ယာရရှိခဲ့ကြောင်း သိရသည်။
မတ်လ ၂ ရက်နေ့တွင် ထိုမာရွာမှ ဆပ်သချောင်ရွာသို့ ထွက်လာသော ခမရ ၇၀၃ မှ စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား ၆၀ ခန့်အား ဆပ်သချောင်တွင် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ရန်သူ့ထံမှ MA ကျည် (၃၉၀၀) တောင့်၊ G-3 ကျည် (၁၀၁) တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ ၄၀ မမ (၃၃) လုံး၊ ၆၀ မမ (၄) လုံး၊ အီနာဂါ (၁) လုံး၊ RPG-7 (၄) လုံး၊ RPG ပို့ယမ်း (၄) ထုတ်၊ MA ကျည်ဘောက် (၉) ခု၊ ကျည်ကာပြား ၂ ပြား၊ လက်ကိုင်ဖုန်း (၄) လုံး၊ ဓာတ်မီး (၅) လက်၊ ငွေသား (၆၄,၀၀၀) ကျပ် သိမ်းဆည်းရမိခဲ့ကြောင်း အမှတ် (၁) စစ်ဒေသမှ ထုတ်ပြန်ထားသည်။
တိုက်ပွဲအား ကလေးခရိုင် တပ်ရင်း (၂၊ ၄၊ ၅)၊ VAKOK PDF၊ CDF-KKG၊ RKDF ပူးပေါင်းတပ်ဖွဲ့တို့မှ ဖော်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် မတ်လ ၄ ရက်နေ့က ကလေးမြို့မှ ၂ မိုင်ကျော်အကွာရှိသာစည်ရွာတွင် တိတ်တဆိတ် မင်္ဂလာဆောင်ပွဲကျင်းပနေသည့် ပျူစောထီးမင်္ဂလာဆောင် ဒရုန်းဖြင့်ဗုံးချခံရသလဖြင့် ထိခိုက်မှုရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။