စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေတွင် မိုးကောင်းမြို့ အုပ်ချုပ်ရေးမှူးများ ပါဝင်ကူညီခြင်း မပြုရန် မြို့ပြပြောက်ကျားအဖွဲ့ သတိပေးထုတ်ပြန်
13 February 2024 – Kachinwaves
ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းရာ တွင် ပါဝင်ဆောင်ရွက်နေသည့် မိုးကောင်းမြို့မှ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများအား ဆက်လက် ဆောင်ရွက်ခြင်းမပြုရန် မိုးကောင်းမြို့ပြပြောက်ကျားအဖွဲ့ သတိပေး ထုတ်ပြန်လိုက်သည်။
ဆက်လက်ကူညီနေမည်ဆိုလျှင် ထိရောက်စွာအရေးယူမည်ဟု ဆိုသည်။