တလူးကျေးရွာရှိ ခလရ (၈၆) တပ်စခန်းကို KIA အပြီးသိမ်းယူ
28 January 2024 – Kachinwaves
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် တလူးကျေးရွာတွင် တပ်စွဲနေသော ခလရ (၈၆) စစ်ကောင်စီတပ်စခန်းအား ယနေ့ မွန်းလွဲ ၁ နာရီခန့်က KIA မှ အပြီးသိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇန်နဝါရီ ၂၇ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ရာ ယနေ့ အပြီးသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း KIO သတင်းပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။
၎င်းစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူဖြင့် ခုခံကာကွယ်ခဲ့သေးကြောင်း သိရသည်။
ဇန်နဝါရီ ၂၇ ရက်နေ့တွင် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဂျာပူရွာနှင့် ဆမားလမ်းခွဲအနီးဝန်းကျင်၌လည်း KIA နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။