ထီးချိုင့်တွင် စစ်ကောင်စီတပ်က လေယာဉ်ဗုံးကြဲမှု ဆက်တိုက်ပြုလုပ်နေ
27 January 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း Tigyaing Revolution-TR အဖွဲ့ထံမှ သိရသည်။
ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်း ၂ နာရီခွဲကျော်အချိန်တွင် တံတားဦးမှတက်လာသော ဂျက်ဖိုက်တာတစ်စီးဖြင့် တောမကျေးရွာ ဖုန်ကုန်းဘုန်းကြီးကျောင်းထဲတစ်ကြိမ်ကြဲချခဲ့ပြီး ၂ နာရီ ၄၀ မိနစ်ေကျာ်တွင် တောမကျေးရွာ လက်ပံတန်းတောထဲသို့ ၂ ကြိမ်ထပ်မံကြဲချခဲ့ကြောင်း Tigyaing Revolution-TR အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုနေ့မွန်းတည့်ကျော် ၁၂ နာရီခွဲအချိန်တွင်လည်း တောမရွာကြူးတောင်ပေါ်သို့ တံတားဦးမှတက်သော ဂျက်ဖိုက်တာဖြင့် ၃ ကြိမ်ကြဲခဲ့ပြီး ၁ နာရီ ၁၀ ကျော်မိနစ်အချိန်တွင် ၎င်းနေရာသို့ ၂ ကြိမ်ထပ်ကြဲခဲ့ကြောင်း ဆက်ပြောသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူအထိအခိုက်မရှိကြောင်း သိရသည်။
ယခုလက်ရှိအချိန်တွင် ထီးချိုင့်မြို့ပေါ်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး နှစ်ဖက်အထိအခိုက်များလည်းရှိကြောင်းတော်လှန်ရေးအဖွဲ့ထံမှ သိရသည်။
ပြည်သူ့ကာကွယ်ရေးဘက်က ထီးချိုင့်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည်မှာ ၃ လနီးပါးရှိနေပြီး၊ ထီးချိုင့်မြို့လက်မလွတ်ရေးအတွက် စစ်ကောင်စီကလည်း လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် နည်းမျိုးစုံခုခံကာကွယ်နေေကြာင်း သိရသည်။