ရွှေကူမြို့ ခလရ ၅၆ တပ်ရင်းအနီးမှာ အရပ်သားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်ပြတ်
27 January 2024 – Kachinwaves
ရွှေကူမြို့ ခလရ ၅၆ တပ်ရင်းရှေ့ ပူခိုင်ကျေးရွာလမ်းခွဲမှာ နွားလိုက်ရှာတဲ့ အမျိုးသားတစ်ဦး ဒီနေ့ ညနေ ၆ နာရီလောက်က မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်သွားကြောင်း သိရပါတယ်။
နွားပျောက်လို့သွားရှာရင်း လမ်းဘေးဝင်တဲ့အချိန် နင်းမိခဲ့တယ်လို့ ရွှေကူဒေသခံတစ်ဦးက ပြောပါတယ်။
မိုင်းနင်းမိသူမှာ ရွှေကူမြို့ အမှတ် ၄ မြို့မရပ်ကွက်က အသက် ၄၀ နှစ်ကျော်အရွယ် အရပ်သားဖြစ်ကြောင်း သိရပါတယ်။
၎င်းအမျိုးသားကို ဆေးရုံသို့ပို့ဆောင်ထားကြောင်းသိရပြီး၊ မိုင်းနင်းမိခဲ့တဲ့နေရာက စစ်ကောင်စီတပ်ရှေ့ကနေ ကိုက် ၁၀၀ ဝန်းကျင်မှာ ဖြစ်ကြောင်း ရွှေကူဒေသခံက ပြောပါတယ်။
ပုံ – မိုင်းအန္တရာယ်အသိပညာပေး (Save The Children in Myanmar)