နမ့်ဖတ်ကာကို KIA အပြီး တိုက်ခိုက်သိမ်းပိုက်
24 January 2024 – Kachinwaves
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာက နောက်ဆုံးကျန်ရှိနေသည့် စစ်ကောင်စီ၏ ခလရ ၁၂၃ တပ်ရင်း အခြေစိုက်စခန်းကို KIA နှင့် တော်လှန်ရေးတပ်ဖွဲ့များက ယနေ့ ညနေပိုင်းတွင် အပြီးတိုက်ခိုက် သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။
စခန်းသိမ်းတိုက်ပွဲသည် ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပစ်ကူပေးခဲ့သေးကြောင်း သိရသည်။
ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာသိမ်းတိုက်ပွဲကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၉ ရက်နေ့မှစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တပ်ရင်းအခြေစိုက် စခန်းကို ယနေ့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး နမ့်ဖတ်ကာကို အပြီးသိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်များအရ သိရသည်။