ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီက နေအိမ်များအား မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၃ ဦးလည်း အသတ်ခံရ
12 January 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ်ရှိ ကျေးရွာ ၃ ရွာအား စစ်ကောင်စီမှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေးရဲဘော်များထံမှ သိရသည်။
ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ပျူစောထီးများ အထိုင်ချနေသော တင်ငုတ်ကြီးရွာအား ဒေသခံတော်လှန်ရေးများမှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
၎င်းရွာအား တော်လှန်ရေးအဖွဲ့များမှ ဝင်တိုက်ပြီးနောက် နေ့လယ်ခင်းလောက်တွင် စစ်ကောင်စီတပ်များမှ ကားသုံးစီးဖြင့် အင်အား ၁၃၀ ခန့် ရောက်ရှိခဲ့ကြောင်း သိရသည်။
“သူတို့ရွာေတွ အတိုက်ခံရတော့ နေ့ခင်းလောက် ကားသုံးစီးနဲ့ ရောက်ချလာပြီး သေနတ်မတွေပစ်ဖောက်ပြီး သောင်းကြမ်းတော့တာ ဘေးရွာတွေပါ အကုန်ထွက်ပြေးနေကြရတယ်။”ဟု ဒေသခံ တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။
ထိန်တောရွာမှ အရပ်သားအမျိုးသမီးနှစ်ဦးနှင့်အမျိုးသားတစ်ဦးလည်း သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။
“သူတို့က တောထဲမှာ စစ်ရှောင်နေတာ နတ်အင်းရွာဘက်က စစ်ကြောင်းက သူတို့နေတဲ့နေရာကို ရောက်လာတာနဲ့ သူတို့ကိုတွေ့ပြီး သတ်လိုက်တာ အဲ့နားက တဲတွေကိုလည်း မီးရှို့သွားတယ်။”ဟု ၎င်းရဲဘော်မှ ဆက်ပြောသည်။
တင်ငုတ်ကြီးကျေးရွာ ဝင်ရောက်စီးနင်းခံရမှုတွင် ပျူစောထီးဘက်မှ ၆ ဦးသေဆုံးခဲ့ပြီး လက်နက် ၁၄ လက် ရရှိခဲ့ကြောင်းလည်း တော်လှန်ရေးရဲဘော်များက ပြောသည်။
တင်ငုတ်ကြီးကျေးရွာသည် ပျူစောထီး အင်အား ၃၀၀ ခန့် အထိုင်ချနေပြီး ပျူေစာထီးဘုန်းကြီး ဦးဝါသဝလည်း အမြဲလာရောက်နေထိုင်သော နေရာဖြစ်ကြောင်း သိရသည်။