ဖားကန့် – အင်းတော်ကြီးလမ်းပိုင်း ညောင်ပင်ကျေးရွာ ဒေသခံတွေကို စကစ တိမ်ရှောင်ခိုင်း
11 January 2024 – Kachinwaves
မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသဖားကန့် – အင်းတော်ကြီးလမ်းပိုင်း ညောင်ပင်ကျေးရွာက ဒေသခံတွေကို စစ်တပ်ကရှောင်တိမ်းခိုင်းနေတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အတွက် ညောင်ပင်ကျေးရွာ ဒေသခံအချို့စတင်တိမ်းရှောင်နေေကြာင်း သိရတယ်။
ယမန်နေ့ညနေနဲ့ ညဦးပိုင်းက ညောင်ပင်ရွာအဝင်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ အင်းတော်ကြီးဒေသရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
“ဒရုန်းနဲ့ချတာပါ။ တိုက်ပွဲပုံစံမျိုးမဟုတ်ပါဘူး။ ပြည်သူတွေကိုတော့ စစ်ကောင်စီက ရှောင်ခိုင်းထားတယ်”
တိုက်ပွဲဖြစ်ပွားမည်ကိုစိုးရိမ်လို့ သက်ကြီးရွယ်အိုဒေသခံများကို နန့်မီးလောင်ကျေးရွာဘုန်းကြီးကျောင်းနဲ့ ဆွေမျိုးများထံသို့ ပို့ဆောင်ထားကြောင်း ၎င်းကဆိုပါတယ်။
ဒေသခံအများစုကတော့ ကျေးရွာဘုန်းကြီးကျောင်းမှာ စုပေါင်းနေထိုင်ကြပြီး အချို့ကရွာအပြင်ရှိ အခင်းများတွင် ယာယီရှောင်တိမ်းနေကြကြောင်း သိရပါတယ်။
ညောင်ပင်ကျေးရွာမှာ ဖားကန့် – ဝှေခါ – အင်းတော်ကြီးလမ်းပိုင်းတွင်တည်ရှိပါတယ်။ ဝှေခါကျေးရွာမှာလည်း စစ်ကောင်စီနဲ့ KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာနေသတဲ့ အခြေအနေဖြစ်ပြီး ကျေးရွာနေဒေသခံများမှာ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရေကြာင်း သိရပါတယ်။