နဘားလမ်းဆုံအနီးရှိ စစ်ရှောင်သွားသည့် ပြည်သူများ၏ ပစ္စည်းများ အခိုးခံနေရ
8 January 2024 – Kachinwaves
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နဘားကျေးရွာ နဘားလမ်းဆုံအနီးရှိ စော်မော်ချောင်းပတ်ဝန်းကျင်မှ စစ်ရှောင်သွားသည့်ပြည်သူများ၏ ပစ္စည်းများ အခိုးခံနေရကြောင်း နဘားဒေသခံများထံမှ သိရသည်။
နဘားရွာနှင့် နဘားလမ်းဆုံတွင် စစ်ကောင်စီတပ်များ အထိုင်ချနေပြီး ၎င်းအနီးတောထဲတွင် KIA တပ်ဖွဲ့များလည်း ရှိနေသည့်အတွက် တိုက်ပွဲများဖြစ်လာမည်ကိုစိုးရိမ်၍ စစ်ရှောင်နေရသည်မှာ ၂ လနီးပါးရှိနေပြီဖြစ်ကြောင်း ၎င်းဒေသရှိ ပြည်သူတစ်ဦးက ပြောသည်။
“နဘားလမ်းဆုံမှာက စစ်သားတွေနေတယ်။ တောင်ပေါ်မှာက KIA တွေနေကြတယ်။ တိုက်ပွဲတော့ မဖြစ်ပေမဲ့ တိုက်ပွဲဖြစ်လာတဲ့ခါ နှစ်ဖက်ညှပ်ခံရမှာ စိုးရိမ်တဲ့အတွက် မပြန်ရဲကြသေးဘူး။”ဟု ၎င်းပြည်သူက ဆိုသည်။
စော်မော်ချောင်းဘေးရှိ စစ်ရှောင်ပြည်သူများ၏ စားသောက်ဆိုင်၊ ကားဝပ်ရှော့ဆိုင်များမှ ဘက်ထရီအိုးများ၊ လျှပ်စစ်မီးကြိုးခွေများနှင့် တခြားအိမ်သုံးပစ္စည်းများ အခိုးခံနေရကြောင်း ၎င်းနေရာရှိ ဒေသခံက ပြောသည်။
နဘားအပါအဝင် အင်းတော်အရှေ့ခြမ်းတွင် တရားဥပဒေစိုးမိုးမှု နည်းပါးခြင်းကြောင့် မူးယစ်ဆေးသုံးစွဲသူများ ပေါများလာပြီး အလုပ်အကိုင်အခွင့်လမ်းများလည်း နည်းလာသည့်အတွက် ခိုးမှုများ မကြာခဏဖြစ်ပေါ်နေကြောင်း အင်းတော်မြို့နယ် တော်လှန်ရေးရဲဘော်တစ်ဦးမှ ပြောသည်။
နိုဝင်ဘာလ ၂၀ ရက်နေ့တွင် စစ်ကောင်စီမှအကြောင်းမဲ့ လေကြောင်းပစ်ခဲ့မှုကြောင့် စော်မော်ချောင်းပတ်ဝန်းကျင်တွင် ခရီးသွားပြည်သူတစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သေးသည်။
စော်မော်ချောင်းသည် နဘားကျေးရွာတွင် ပါဝင်ပြီး မန္တလေး – မြစ်ကြီးနား ဗျူဟာလမ်းမကြီးပေါ်တွင် တည်ရှိသည်။
နေအိမ်နှင့်ဈေးဆိုင် ၂၀ ကျော်ခန့်နှင့် လူဦးရေ ၅၀ ကျော်သာရှိကာ ခရီးသွားပြည်သူများ ခရီးတစ်ထောက်နားရာ နေရာဖြစ်သည့်အတွက် အမြဲလူစည်ကား