လူတွေကြောင့် တိရိစ္ဆာန်တွေ ငိုနေရ၊ မြစ်ချောင်းတွေက အမှိုက်ပစ်ဖို့နေရာလား။
29 December 2023 – Kachinwaves
ပန်းချီဆရာရဲ့ ပြောပြချက်
ဒီပန်းချီကတော့ လူတွေစွန့်ပစ်တဲ့ အမှိုက်တွေအရမ်းများလာတော့ မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေက မသန့်ရှင်းတော့ဘူး။ တောရိုင်းတိရိစ္ဆာန်တွေက လူတွေစည်းကမ်းမဲ့စွာ စွန့်ပစ်ထားတဲ့ အမှိုက်တွေကို စားတယ်။ လူတွေက အသားငါးတွေ ပြန်စားတယ်။ နောက်တော့ လူတွေဆီကိုပဲ ရောဂါတွေ ပြန်ရောက်လာတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆွဲထားပါတယ်။
သစ်ပင်တွေလည်း အဲလိုပဲ လူတွေက ခုတ်တယ်။ တောရိုင်း တိရိစ္ဆာန်တွေက သူတို့နေစရာ မရှိတော့ ငိုကြတယ်။ အမှိုက်တွေများလာရင် မြစ်တွေ၊ ချောင်းတွေလည်း မသန့်ရှင်းတော့ဘူးဆိုတဲ့ အဓိပ္ပါယ်နဲ့ ဆွဲထားပါတယ်။