လိုင်ဇာဒေသအနီး မြစ်ကြီးနား – ဗန်းမော်လမ်းတွင် နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်
14 December 2023 – Kachinwaves
မြစ်ကြီးနား – ဗန်းမော်လမ်း ဒေါ့ဖုန်းယန်မြို့အနီး ခလားယန်ရွာဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် KIA တို့ နှစ်ရက်ဆက်တိုက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဒီဇင်ဘာ ၁၃ ရက်နေ့နှင့် ယနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့များတွင် အင်အားတစ်ရာကျော်ခန့်ဖြင့် စစ်ရေးလှုပ်ရှားနေသည့် ခလရ (၁၄၂) နှင့် ခလရ (၃၀၁) စစ်ကောင်စီတပ်ရင်းတို့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း KIO သတင်းပြန်ကြားရေးက ထုတ်ပြန်ထားသည်။
အင်အား တရာဝန်းကျင်ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းတစ်ခုလည်း ခယာဘွမ်စခန်းမှ တုန်ဟုန်းကျေးရွာဘက်သို့ ဆင်းလာပြီး မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့ဘက်သို့ ဦးတည်ကာ လိုင်မောက်ယန်ကျေးရွာသို့ ဆက်ဆင်းသွားကြောင်း KIA သတင်းရင်းမြစ်က ဖော်ပြထားသည်။
နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားကြောင်းသိရသော်လည်း တိုက်ပွဲအခြေအနေ အသေးစိတ်ကို မသိရပေ။
လိုင်ဇာဒေသအနီး မြစ်ကြီးနား – ဗန်းမော်လမ်းတွင် နှစ်ဖက် စစ်ရေးတင်းမာနေဆဲဖြစ်သည်။