ကွတ်ခိုင်ဗျူဟာတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကလေးသေဆုံးပြီး မိခင်ဒဏ်ရာရ
10 December 2023 – Kachinwaves
ယမန်နေ့ညနေ ၄ နာရီအချိန်ခန့်က ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ ရပ်ကွက် (၁) ရှိ နေအိမ်ထဲ စစ်ေကာင်စီဗျူဟာတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီကျရောက်ပေါက်ကွဲ၍ အသက် ၆ နှစ်အရွယ် ကလေးထိမှန်သေဆုံးပြီး မိခင်ဖြစ်သူလည်း ၀မ်းဗိုက်၌ ပြင်းထန်ဒဏ်ရာ ရရှိကြောင်း သိရသည်။
ဒီဇင်ဘာ ၈ ရက်နေ့ကလည်း ကွတ်ခိုင်မြို့ ရပ်ကွက် (၂) ထဲ လက်နက်ကြီးကျရောက်ေပါက်ကွဲ၍ ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။