လိုင်ဇာမြို့တရုတ်ဘက်ခြမ်းသို့ စကစ ၏ လက်နက်ကြီး ထပ်မံကျရောက်ပေါက်ကွဲ
6 December 2023 – Kachinwaves
ကချင်လွတ်လပ်ရေးတပ် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့ဘက်သို့ စစ်ကောင်စီက ယနေ့နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။
လက်နက်ကြီးနှစ်လုံးဖြင့် ပစ်ခတ်ခဲ့ရာ တရုတ်ဘက်ခြမ်းတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ယခင်လ နိုဝင်ဘာ ၄ ရက်နေ့ကလည်း စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီး တရုတ်ဘက်ကမ်း၌ ကျရောက်ပေါက်ကွဲခဲ့၍ တရုတ်နိုင်ငံသား ထိခိုက်သေဆုံးမှုရှိခဲ့သည်။
ခရစ်ယာန်ဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သော Sweet December ကြိုဆိုသည့် နိုဝင်ဘာ ၃၀ ရက်နေ့ည ၁၂ နာရီအချိန်တွင်လည်း စစ်ကောင်စီတပ်က လိုင်ဇာမြို့အနီး ဝန်းကျင်သို့ လက်နက်ကြီးများ ပစ်ခတ်၍ KIA မှ တန်ပြန်ပစ်ခတ်မှု လုပ်ခဲ့ရသည်။