ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အရပ်သားပြည်သူ ၇၂ ဦးသေဆုံးပြီး ၁၂၅ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း တအာင်းအမျိုးသမီးအဖွဲ့ ထုတ်ပြန်
![](https://kachinwaves.com/wp-content/uploads/2023/11/405458907_745970494233510_8964722869554602682_n.jpg)
28 November 2023 – Kachinwaves
၁၀၂၇ စစ်ဆင်ရေးတစ်လအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှ အရပ်သားပြည်သူ ၇၂ ဦးသေဆုံးပြီး ၁၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ထားသည်။
သေဆုံးသူများအနက် ၂၆ ဦးမှာ အသက် ၁ နှစ်မှ ၁၆ နှစ်အတွင်း ကလေးငယ်များဖြစ်ကြောင်းနှင့် ထိခိုက်သေဆုံးသူစုစုပေါင်း ၁၉၇ ဦးအနက် ၅၅ ဦးမှာ အမျိုးသမီးများဖြစ်ကြောင်း ဖော်ပြထားသည်။
အမျိုးသမီးတစ်ဦးမှာ စစ်ရှောင်ချိန်ပြေးလွှားရင်း ကိုယ်ဝန်ပျက်ကျခဲ့ကြောင်းလည်း သိရှိရသည်။
စစ်ကောင်စီ၏ အရပ်သားပြည်သူများအပေါ် ဦးတည်ချက်ရှိရှိ တိုက်ခိုက်မှုများကြောင့် ဆုံးရှုံးနစ်နာမှုနှင့် သေကြေပျက်စီးမှုများ ဖြစ်ပွားရခြင်းဖြစ်ပြီး ယင်းလုပ်ရပ်အပေါ် ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အောက်တိုဘာ ၁၀ ရက်နေ့မှစတင်သည့် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ဘေးရှောင်နေရသည့် ပြည်သူ ကိုးသောင်းကျော်ထပ်တိုးလာပြီး အခုလက်ရှိ ရှမ်းပြည်နယ်တစ်ခုလုံးမှာ စစ်ရှောင်လူဦးရေ နှစ်သိန်းကျော်ရှိလာကြောင်း ISP Myanmar က ထုတ်ပြန်ထားသည်။