ရှှကေူမွို့တှငျ စစျကောငျစီတပျ၏ လကျနကျကွီးကွောငျ့ အရပျသားတစျဦး ပှဲခငြျးပွီး သဆေုံး
15 November 2023- Kachinwaves
ကချင်ပြည်နယ်၊ ရွှေကူမြို့တွင် ယမန်နေ့ည ၇ နာရီက ရွှေကူမြို့အတွင်း အထိုင်ချထားသည့် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အရပ်သားတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးကြောင်း သိရသည်။
ရွှေကူနယ်မြေခံတပ်ရင်း ခလရ (၅၆) နှင့် ရဲစခန်းမှ လက်နက်ကြီးများဖြင့် ပတ်ချာလည် ပစ်ခတ်ခဲ့ရာ အမှတ်(၂) ခုံခမ်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း မြို့လှ KPDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ညက ရွှေကူတပ်တွေထဲကနေ မြို့ထဲရမ်းပစ်တာ မိသားစုတစ်စုထိတယ်။ တစ်ယောက်ပွဲချင်းပြီး”
သေဆုံးသူအမျိုးသားမှာ ကိုအိထက်ဆိုသူဖြစ်ပြီး ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် အခင်းဖြစ်ပွါးရာနေရာတွင်ပင် သေဆုံးသွားကြောင်း သိရပြီး၊ ၎င်း၏ အမျိုးသမီးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရွှေကူပြည်သူ့ဆေးရုံတွင် ဆေးကုသမှူခံယူနေရကြောင်း သိရသည်။
အောက်တိုဘာ ၁၈ ရက်နေ့က စခန်းသိမ်းတိုက်ပွဲဖြစ်ပွါးခဲ့သည့် ငါးဘတ်ကြီးကျေးရွာ အထက်ဘက်နှင့် ရွှေကူအနောက်ဘက်ခြမ်း ဧရာဝတီမြစ်တစ်ဖက်ရှိ ရေလဲ၊ ဆင်တပ်၊ မိုးစစ်ဘက်သို့ ဦးတည်ပြီး လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်နက်ကြီးဖြင့် မပစ်ခတ်မီ ယမန်နေ့ညနေက ရွှေကူစစ်တပ်အတွင်းသို့ ရဟတ်ယာဉ်ဖြင့် စစ်ကောင်စီ လက်နက်၊ အင်အားဖြည့်တင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
1027 စစ်ဆင်ရေးနောက်ပိုင် နိုင်ငံအနှံ့ စခန်းသိမ်းတိုက်ပွဲများဖြစ်ပွါးနေသည့်အတွက် ကချင်ပြည်နယ်အတွင်းရှိ စစ်ရေးအခရာကျသည့် မြို့များရှိ စစ်တပ်များတွင် စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။