TNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့ စစ်ကောင်စီစခန်းကို တိုက်ခိုက်နေTNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့ စစ်ကောင်စီစခန်းကို တိုက်ခိုက်နေ
28 October 2023 – Kachinwaves
တအာင်းတပ်မတော် TNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့တို့ ရှမ်းပြည်နယ် နောင်ချိုမြို့နယ် သံဘိုကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ယနေ့ နံနက် ၆ နာရီအချိန်မှစပြီး တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
၎င်းတိုက်ပွဲကို ယမန်နေ့က စတင်လိုက်သည့် ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအဖြစ် ပူးပေါင်းတိုက်ခိုက်နေခြင်း ဖြစ်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားသည်။
ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) – MDY-PDF အနေဖြင့် ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြောင်း ယမန်နေ့က ထုတ်ပြန်ခဲ့ပြီး MDY-PDF အနေဖြင့်လည်း တောင်သမန်စစ်ဆင်ရေး ဖော်ဆောင်ကာ တိုက်ပွဲဝင်မည်ဟု ထုတ်ပြန်ခဲ့ပါသည်။