မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီး လေတပ်စခန်းကို PDF က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်သည်ဟု ဆို
24 September 2023 – Kachinwaves
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စစ်ကောင်စီလေတပ်စခန်းကို ယနေ့နံနက် ၇ နာရီကျော်က ကချင်ပြည်နယ် အခြေစိုက် တော်လှန်ရေးပြောက်ကျားတပ်ဖွဲ့က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီး၊ အထက်မော်ဖောင်းရပ်ကွက်ရှိ အမှတ် ၅၀၃ စစ်ကောင်စီ လေတပ် စခန်းကို ၉၀ မမ နှစ်လုံး ၁၀၇ မမ ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါပျောက်ကြား တပ်ဖွဲ့ (NBPDF) ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။
လေတပ်စခန်းတည်ရှိရာ အနီးပတ်ဝန်းကျင်ရှိ ဒေသခံများက ပစ်ခတ်သံတစ်စုံတစ်ရာ မသိရှိရကြောင်း ဆိုသော်လည်း အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ Kachinwaves အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။ ပစ်ခတ်မှုဖြစ်ပွါးပြီး နောက်ဆက်တွဲ အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန် ၁၇ ရက်ကလည်း အဆိုပါလေတပ်စခန်းကို မြို့ပြပြောက်ကျားတပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ သေးကြောင်း သိရသည်။