ဆေးခန်းလာပြတဲ့ စစ်ကောင်စီရဲ ၅ ဦးနဲ့ KIA၊ PDF တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်၊ ရဲ ၂ ဦးသေ၊ ၃ ဦး ဒဏ်ရာရ
21 September 2023 – Kachinwaves
ကချင်ပြည်နယ်၊ ဖားကန့်မြိုနယ်၊ ဆိပ်မူကျေးရွာအုပ်မှာ ဒီနေ့ ညနေ ၅ နာရီကျော်လောက်က ဆေးခန်းလာပြ တဲ့ စစ်ကောင်စီရဲေတွ စီးနင်းလာတဲ့ကားတစ်စီး ပစ်ခတ်ခံရပြီး ရဲနှစ်ဦးသေဆုံးတဲ့အပြင် ၃ ဦး ဒဏ်ရာ ရရှိ ကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ ၅ ဦးက IP SUM အမျိုးအစား ကားအဖြူတစ်စီးနဲ့ ဆိပ်မူလမ်းမပေါ်ရှိဆေးခန်းမှာ ဆေးခန်း လာပြတဲ့အချိန် KIA နဲ့ PDF PDF တို့က ပစ်ခတ်ခဲ့တဲ့အတွက် ရဲနှစ်ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီညနေ ၅ နာရီကျော်မှာ ဆိုင်းတောင်းက ဆေးခန်းတစ်ခုမှာ ကားထဲမှာရှိနေတဲ့ စစ်ကောင်စီရဲတွေကို KIA၊ PDF တွေက သေနတ်အတွဲလိုက်ပစ်တာ၊ အဲက ရဲတွေသေတာနဲ့ ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်။ ရဲတွေလည်း ပြန်ပစ်တယ်။ အဲနောက်မှာ ရဲနှစ်ယောက်သေပြီး ၃ ယောက် ဒဏ်ရာရတယ်”
စစ်ကောင်စီရဲတွေ သေဆုံး ထိခိုက်တာနဲ့ပတ်သက်ပြီး Kachinaves က သီးခြားအတည်ပြုနိုင်တာ မရှိသေးပါ။
ဇူလိုင်လကနေစပြီး စစ်ကောင်စီတပ်က ကချင်ပြည်နယ် KIA ဌာနချုပ် လိုင်ဇာအနီးနဲ့ ဖားကန့်ဘက်ကို နယ်မြေစိုးမိုးမှုရရှိရေးအတွက် စစ်အင်းအားတွေ တိုးချဲ့လာပြီး လိုင်ဇာ အနီးဝန်းကျင်မှာလည်း နေစဉ်လိုလို တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။