ခရမ်းစပ်ကုန်းကျေးရွာ ဘုန်းကြီးကျောင်း တိုက်လေယာဉ်ဖြင့် ပစ်ခတ်ခံရ၍ ကျောင်းထိုင်ဘုန်းကြီး ပျံလွန်တော်မူ
16 September 2023 – Kachinwaves
ယမန်နေ့ည စစ်ကိုင်းတိုင်း၊ အင်းတော်မြို့၊ ခရမ်းစပ်ကုန်းကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်၏ တိုက်လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းထိုင်ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူပြီး ကပ္ပိယတစ်ဦး သေဆုံး ကြောင်း သိရသည်။
ယမန်နေ့ည ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ရာ သက်တော် ၇၇ နှစ် ဝါတော် ( ၅၇ ) ရှိသည့် ကျောင်းထိုင်ဘုန်းကြီး အရှင်ရာဇိန္ဒမှာ ဦးခေါင်းခွံကွဲအက်ဒဏ်ရာဖြင့် ပျံလွန်တော်မူခဲ့ပြီး ကပ္ပိယ လည်း သေဆုံးခဲ့သည်ဟု သိရသည်။
တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းဖြစ်ပြီး ဗုံးကြဲပြီးနောက် အဆိုပါ ဘုန်းကြီးကျောင်းကို အင်းတော်စစ်တပ်ကုန်းမှ လက်နက်ကြီးများဖြင့် ထပ်မံပစ်ခဲ့ကြောင်း သိရသည်။