ဒဏ်ရာများနေတဲ့ မြန်မာပြည်မြောက်ဖျားက နောင်မွန်
မရန်
မတ်၂၅
ကချင်ပြည်နယ်မှ ထူးခြားလှပသော ခါကာဘိုရာဇီ ရေခဲတောင်တည်ရှိရာ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အစွန်အဖျား နောင်မွန်မြို့သို့ သင်အလည်တစ်ခေါက်ရောက်ဖူးလျှင် နောက်တစ်ကြိမ် ပြန်လာချင်စိတ် ပေါ်လာမှာအမှန်ပါ။
ပူတာအိုခရိုင်တွင် ပါဝင်သော နောင်မွန်မြို့သည် စိမ်းလန်းစိုပြေသည့် တောင်စွယ်တောင်တန်းများ၊ ကြည်လင်အေးမြသည့် မြစ်ချောင်းအင်းအိုင်များ စသည့် သဘာဝအလှတရားများ သာမက အေးမြပြီး နေထိုင်ရန်ကောင်းသည့် ရာသီဥတုကို ပိုင်ဆိုင်ထားသော မြို့လည်းဖြစ်ပါသည်။
ယခုဆောက်နေသော ဌာနဆိုင်ရာ အဆောက်အအုံ အချို့ကလွဲလျှင် တိုက်အိမ် တစ်လုံးမျှမရှိပဲ၊ နေအိမ်များသည် သွပ်မိုးအိမ်များထက် တောင်ပေါ်ဒေသတွင် ပေါက်ရောက်သော တိန်းကော်ရွက်ဖြင့် မိုးထားသည့် အိမ်များသာများပါသည်။ လတ်လတ်ဆတ်ဆတ် အသားငါး၊ အသီးအရွက်နှင့် မျှတသော ဥတုရာသီကြောင့် ဒေသခံမိန်းမပျိုများသည် မိတ်ကပ်မလိမ်း အလှမပြင်သော်လည်း ချောမော ပြေပစ်လှပသော အသားအရည်များကို ပိုင်ဆိုင်ထားကြပါသည်။ ဒေသခံများသည် စိတ်သဘောထား လှပလွန်းလို့ ရုပ်ပါ လှပသွားခြင်းလည်း ဖြစ်နိုင်ပါသည်။
လာရောက်တည်းခိုသော ဧည့်သည်များကို လဖက်ရည် ကော်ဖီတို့ဖြင့် ဧည့်ခံမည့်အစား ဒေသယဉ်ကျေးမှု အစားအသောက်တစ်မျိုး ဖြစ်သည့် လာချားခရော့ ဖျော်စပ်ပြီး ဧည်ခံခြင်းကလည်း ဆွဲဆောင်မှုတစ်ခု ဖြစ်နေပြန်သည်။ ရေနွေးကြမ်းကိုလည်း ဖန်ခွက်၊ ကြွေခွက်များ၌မထည့်ပဲ ဝါးခွက်တွင် ထည့်ပြီး ဧည့်ခံခြင်းသည် ထိုဒေသ၏ ထူးခြားမှုတစ်ခုဖြစ်သည်။
နောင်မွန်ဒေသသည် ၁၉၆၄ခုနှစ်ခန့်က ဖြစ်ခဲ့သည့် တပ်မတော်နှင့်ကေအိုင်အေတို့ကြား ဖြစ်ခဲ့သော တိုက်ပွဲမှလွဲလျှင် တိုက်ပွဲလုံးဝ မရှိခဲ့သည့် အေးချမ်းသည့်ဒေသဖြစ်သည်။ ၂၀၁၅ ခုနှစ် အထွေထွေရွှေးကောက်ပွဲတွင် ပြည်ခိုင်းဖြိုးပါတီမှ အပြတ်သတ်အနိုင်ရရှိခဲ့သည့် ကချင်ပြည်နယ်မှ တစ်ခုတည်းသော မြို့နယ်လည်းဖြစ်သည်။
သဘာဝရှုမြင်ကွင်းများနှင့်အတူ ချောမောလှပကာ ရိုးသားပြီး စိတ်ထားဖြူစင်သော ရဝမ်လူမျိုးများ နေထိုင်သည့် နောင်မွန်မြို့သည် ခဏတဖြုတ် အလည်အပတ်ရောက်လာပါက ပျော်ရွှင်စရာ ကောင်းသည့် မြို့တစ်မြို့ဖြစ်သော်လည်း ဌာနေဒေသခံများ၏ နေ့စဉ်ဘဝများ၌ ကြုံတွေ့နေရသော အခြားပြသနာများကိုတော့ ဒေသခံများ ပြောပြလာတော့မှ သိရှိခွင့်ရခဲ့ပါသည်။
နောင်မွန်မြို့နယ်အုပ်ချုပ်ရေးမှူး ပြောပြသည့်စာရင်းအရ လူဦးရေ (၇၀၀၀)ခန့် ရှိသော နောင်မွန်မြို့နယ်၏ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေများသည် မြန်မာပြည်အတိုင်းအတာ၌ပင် အနိမ့်ဆုံးအညံ့ဆုံးစာရင်းထဲတွင် ပါဝင်နေသည်ကို တွေ့မြင်ရပါသည်။
အလုပ်အကိုင်ရှားပါးလာသည့် ပြသနာနှင့်အတူ မိသားစု စားဝတ်နေရေးလည်း ခက်ခဲလာနေပြီဖြစ်ပါသည်။ နောင်မွန်မြို့တွင် နိုင်ငံတော်၏ ဖွံ့ဖြိုးရေး စီမံကိန်းများ အကောင်အထည်ဖော် ပြုလုပ်ရာတွင် ကောင်းမွန်အောင် လုပ်ဆောင်ခဲ့ခြင်း မရှိသည်ကို တွေ့မြင်ခဲ့ရပါသည်။
နောင်မွန်မြို့နယ်၏ နာတာရှည် ပညာရေး
၂၀၁၅ – ၂၀၁၆ ခုနှစ်ပညာသင်နှစ်တွင် နောင်မွန်မြို့နယ်မှ တက္ကသိုလ်ဝင်တန်း ကျောင်းသူကျောင်းသား (၁၆၀) ယေက် ဖြေဆိုခဲ့ရာ မမယစ်ရင်ဇီဆာရ်းနှင့် မောင်ရခွီထွန်းလတ်တို့နှစ်ဦးသာ အောင်မြင်ခဲ့သဖြင့် ခေါင်လန်ဖူးနှင့် ဆော့လော်မြို့နယ်ပြီးလျှင် အောင်ချက်အနှိမ့်ဆုံးမြို့ဖြစ်ခဲ့သည်။ နောင်မွန်မြို့နယ်မှ တက္ကသိုလ်ဝင်တန်း အောင်မြင်သူ တစ်ယောက် (သို့) နှစ်ယောက်သာ အောင်မြင်လေ့ရှိသည်မှာ နှစ်စဉ်နှစ်တိုင်းလို ဖြစ်နေပါသည်။
ဆရာဆရာမများ သင်ကြားမှုအတွေ့အကြုံနည်းခြင်း၊ ဆရာဆရာမအင်အား မလုံလောက်ခြင်း၊ ဝန်ထမ်းများ အဂတိလိုက်စားခြင်း၊ သင်ထောက်ကူပစ္စည်းများ မလုံလောက်ခြင်း၊ မိဘများ ပညာရေးကို အားမပေးခြင်း၊ စသည့်အချက်များသည် ထိုဒေသ၏ ပညာရေးအခြေအနေကို ဆုတ်ယုတ်စေသည့် ပြသနာအကြောင်းရင်းများ ဖြစ်ကြောင်းကို ဒေသခံများ၊ ဆရာမများ၊ ပညာရေးဝန်ထမ်းများအား မေးမြန်းကြည့်ရာမှ သိရပါသည်။
“နောင်မွန်မြို့နယ်ကို ခန့်လိုက်တဲ့လူတွေက ပထမဆုံး first position တွေပေါ့။ ဒါက ဆရာကြီးတို့ အတွေ့အကြုံတွေပေါ့။ ဒါက အားမနားတမ်းပြောရမယ်ဆိုရင် တကယ့်လုပ်သက်ရင့်တဲ့သူက ဒီကိုမလာဘူးလေ။ ရာထူးတိုးနဲ့ပဲ ဒီကိုလာကြတယ်။ ရာထူးတိုးနဲ့ လာကြတဲ့အခါကျတော့ သူတို့ကိုယ်တိုင်လည်း လေ့လားရင်း သင်ပေါ့။ သင်ယူရင်းလေ့လာပေါ့။ ပြီးနောက် လေ့လာရင်း သင်ကျပေါ့။”ဟု ပညာရေးနှိမ့်ကျနေမှုအပေါ် နောင်မွန်မြို့နယ်၏ လက်ရှိပညာရေးမှူး ဦးမြင့်နိုင်က ၎င်း၏အမြင်ကို ပြောပြသည်။
ကျောင်းသားများအတွက် ဖတ်စာအုပ်မလောက်ငှခြင်း သာမက နှစ်စဉ် ဖတ်စာအုပ် အရောက်နောက်ကျခြင်းကလည်း နောင်မွန်မြို့နယ်၏ ပညာရေးကို ထိခိုက်စေကြောင်း ကျောင်းဆရာ ဆရာမများကဆိုသည်။
“အဓိကက အောင်ချက်နည်းတာက စာအုပ်မလောက်တာ ပါတယ်။ သူတို့က စာတစ်ပုဒ်ကိုဖတ်ပြီး ရလောက်တဲ့အချိန်မှာ စာကိုကူးနေရတယ်။ ဒီမှာက အခြားစာအုပ်တွေလည်း မရှိဘူး။ ပုံနှိပ်စာအုပ်ပဲရှိတယ်။ အခုက အဲဒီပုံနှိပ်စာအုပ်လည်း လောက်လောက်ငှငှ မရှိတဲ့အခါကျတော့ ကလေးတွေအတွက် အခက်အခဲ အရမ်းဖြစ်တယ်။”ဟု နောင်မွန် အထကကျောင်းမှ အထက်တန်းပြ ဒေသခံဆရာမ ဇမီဆာရ်းကဆိုသည်။
အရင်စောပြီး ရောက်လာသည့် ဖတ်စာအုပ်များကို ကလေးများအား မဲနိုက်ခိုင်းပြီး ပေးနေရသည်ဟု ဒေသခံဆရာမများကဆိုသည်။
နောင်မွန်မြို့နယ်၏ ယခင်ပညာရေးမှူး လက်ထက်တွင် ဝန်းထမ်းများ၏ လစာကို မကြာခဏ ဖြတ်တောက်မှုများရှိခဲ့၍ တိုင်တန်းခံရပြီးနောက် ငွေများပြန်လျော်ပေးခဲ့ရသည်။ ယခုလက်ရှိ ပညာရေးမှူးလက်ထက်တွင် လစာဖြတ်တောက်ခြင်း မရှိတော့သော်လည်း ကျောင်းအသေးသုံးအတွက် ပေးထားသည့် ထောက်ပံ့ငွေများကို ကျောင်းများတွင် အသုံးမပြုရကြောင်း ဆရာဆရာမများက ဆိုပါသည်။
စာမေးပွဲများ ဖြေဆိုရာတွင်လည်း ထောက်ပံ့ငွေ သုံးမရသည့်အတွက် ကျောက်သင်ပုန်း၌သာ မေးခွန်းရေးပြီး စာမေးပွဲ ဖြေခိုင်းရကြောင်းလည်း ဆရာဆရာမများက ဆိုသည်။
“စာမေးပွဲလုပ်တဲ့အခါမှာလည်း အရမ်းအခက်အခက် ဖြစ်တယ်။ ကွန်ပျူတာတွေ မရှိတော့ blackboard ပေါ်မှာပဲ ရေးပြီးတော့ စာမေးပွဲဖြေနေရတယ်။”ဟု နောင်မွန် အထက်တန်းကျောင်းမှ ဆရာ တစ်ဦးကဆိုသည်။
နေ့စားလပေး ဆရာမအချို့လည်း စာကောင်းစွာ သင်ကြားပေးခြင်းမရှိပဲ၊ အချို့ဆရာမများသည် နောင်မွန်မြို့ပညာရေးမှူးများနှင့် ညှိနှိုင်းပြီး ၎င်းတို့ကျရာ ကျောင်းများသို့ သွားရောက်သင်ကြားပေးခြင်း မရှိကြောင်းနှင့် နောင်မွန်မြို့ပေါ်ရှိ ကျောင်းများ၌ တွဲပြီးနေကြောင်းလည်း ဒေသခံများက ဆိုသည်။
ကျောင်းစစ်ဆေးရေးများ လာရောက်စစ်ဆေးလေ့မရှိသည့် နောင်မွန်မြို့ပေါ်နှင့် ဝေးသော အချို့ကျေးရွာများမှ ကျောင်းများတွင် ဆရာ၊ဆရာမများ ကြိုက်တဲ့အချိန် ကျောင်းဖွင့်ပြီး ကြိုက်တဲ့အချိန် ပိတ်ထားခြင်းများလည်း ရှိနေကြောင်း ဒေသခံများက ဆိုသည်။ နောင်မွန်ဒေသ၏ ပညာရေး တိုးမြင့်စေရန် အချိန်ပေးနိုင်ပြီး စေတနာထားနိုင်သည့် ဒေသခံ ဆရာဆရာမများစွာ လိုအပ်နေကြောင်း ဒေသခံများက သုံးသပ်ကြပါသည်။
၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား နောင်မွန်မြို့မှ ဖြေဆိုအောင်မြင်ခဲ့သူ မောင်ရခွီထွန်းလတ်သည် ကျောင်းဆရာလုပ်ပြီး ၎င်းတို့ဒေသ ပညာရေးအတွက် ပေးဆပ်လိုသည့် စေတနာဖြင့် ပညာရေးကောလိပ် တက်ရောက်ခွင့် လျှောက်ခဲ့သော်လည်း လျှောက်လွှာ ပယ်ဖျက်ခံခဲ့ရကြောင်း သိရသည်။
“ကျွန်တော်က ဆရာလုပ်ပြီး ဒီဒေသက လူတွေကို ပညာရေး တိုးတက်လာအောင် လုပ်ပေးချင်တယ်။ ဒါပေမဲ့ ပယ်ချခံရတော့ စိတ်ဓါတ်ကျသွားတယ်။”ဟု မောင်ရခွီထွန်းလတ်က ၎င်း၏ခံစားချက်ကို မကျေမနပ် ပြောပြသည်။
နောင်မွန်မြို့နယ်လိုမျိုး ဝေလံခေါင်ဖျား ဒေသများတွင် ပညာရေးဝန်ထမ်းများ သာမက အခြားဌာနဆိုင်ရာ ဝန်ထမ်းများသည်လည်း ရာထူးတိုးမဟုတ်လျှင် အပစ်ပေးခံရသဖြင့် ပြောင်းရွှေ့ခံရသူများသာ များနေကြောင်း ဒေသခံများက ဆိုသည်။
ဖျားနာနေဆဲ နောင်မွန် ကျန်းမာရေး
ပညာရေးကဲ့သို့ ကျန်မားရေးလည်း ချူချာသည့် နောင်မွန်မြို့ဖြစ်ပါသည်။ ဆေးရုံရှိသော်လည်း ဆရာဝန်မရှိခဲ့၊ ၂၀၁၅ ခုနှစ်ရောက်မှ ဆရာဝန် ရှိလာသည့် နောင်မွန်မြို့၏ ကျန်းမာရေး စောင့်ရှောက်မှုဖြစ်ပါသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် နောင်မွန်မြို့နယ်ရှိ လန်ဆာထု ကျေးရွာတွင် ရွာသားများ၊ ကျောင်းသူကျောင်းသားများ ဖျားနာသည့်အတွက် ယင်းရွာမှ မူလတန်းကျောင်းကို တစ်ပတ်တိတိ ပိတ်ထားခဲ့ရသည်။ ထိုကိစ္စကို ကျေးရွာ အုပ်ချုပ်ရေးမှူးမှ မြို့နယ်အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားတင်ပြထားပြီး ဖြစ်သည်ဟု သိရသော်လည်း မည်သည့် ဆရာဝန်၊ ဆေးဆရာမမှ ရောက်မလာခြင်း သာမက တာဝန်ရှိသူ တစ်ဦးတစ်ယောက်မှ လာရောက်ကြည်ရှုခြင်း မရှိခဲ့သည်ကို ကျွန်တော် (စာရေးသူ) တွေ့ခဲ့ရပါသည်။
လန်ဆာထုကျေးရွာတွင် စာသင်ကျောင်းပိတ်ထားရသည်အထိ ကျန်းမားရေး ပြသနာ ဖြစ်ခဲ့သော်လည်း သက်ဆိုင်ရာမှ လာရောက်ကြည့်ရှုပြီး ဆေးဝါးကုသပေးခြင်း မရှိခဲ့သဖြင့် ကျေးရွာတွင်ရောင်းသည့် ပါရာဆီတမော် (ဆေးတောင့်)များကိုသာ ဝယ်သောက်ခဲ့ရကြောင်း အဆိုပါ ကျေးရွာ၏ ကျောင်းအကျိုးတော်ဆောင် ဥက္ကဌကဆိုသည်။ အချို့ကျေးရွာများတွင်လည်း ကျေးလက်ကျန်းမာရေးဌာန မရှိသည့်အတွက် ကျန်းမာရေး မကောင်းလျှင် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ဒေသခံများက ဆိုကြသည်။
“ဒီလမှာ ကျွန်တော်တို့ရွာမှာ ကလေးမွေးမယ့်သူ (၃)ယောက်ရှိလို့ ဆရာမကို သွားခေါ်တာ သူ့ယောက်ျားက ဒီလောက်ဖျားရင်လည်း နောင်မွန်ဆေးရုံသွားပါလားလို့ ပြောခဲ့တယ်။ လမ်းဆိုးတော့ နောင်မွန်မြို့အထိ သွားဖို့လည်း မလွယ်ဘူး။ အချို့ကျေးရွာတွေဆိုရင် ဆရာမတောင် မရှိဘူး။”ဟု နောင်မွန်မြို့နယ်မှ ရပ်ဘော့ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးငွါလီဆာက ဆိုသည်။
အချို့ကျေးရွာများတွင် ဆေးခန်းရှိသော်လည်း ဆေးမရှိခြင်း၊ ကျန်မားရေးဝန်ထမ်း ဆရာ၊ဆရာမများ မရှိခြင်းတို့ကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော်လည်း အရေးကြုံလာလျှင် နောင်မွန်မြို့သို့ သွားရောက်ကုသရကြောင်း ဒေသခံများက ပြောပြကြပါသည်။
ဒေသတွင်း ကောင်းမွန်သည့် ကျန်းမာရေး စောင့်ရှောက်မှုစနစ် ရရှိလာရေးသည် ဒေသခံပြည်သူများ မျှော်လင့်နေဆဲ မျော်လင့်ချက်များထဲမှ တစ်ခုဖြစ်နေပါသည်။
စလှမ်းခါစ လမ်းပန်းဆက်သွယ်ရေး
ယခင်က ပူတာအိုမြို့နှင့် နောင်မွန်မြို့ကြား သုံးရက်ခန့် ခြေလျှင်ခရီးလျှောက်ရသည်ဟု နောင်မွန်မြို့မှ အဖိုးတစ်ယောက်က ပြောပြသည်။
နိုင်ငံတော်၏ ဖွံ့ဖြိုးမှုညွှန်းကိန်းအရ ဖွံ့ဖြိုးမှုအနှိမ်ဆုံးစာရင်းတွင်ပါရှိသော ကချင်ပြည်နယ်မှ နောင်မွန်မြို့နယ်အတွက် ယခင်သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲကာ ဘတ်ဂျက်ငွေများ ချမှတ်ပြီး လမ်းပန်းဆက်သွယ်ရေး၊ ဒေသခံများ စားဝတ်နေရေး အဆင်ပြေရေး၊ စသည့် ဖွံ့ဖြိုးတိုးတက်လာရေး လုပ်ငန်းများကို ၂၀၁၃ – ၁၄ ခုနှစ်မှစတင်၍ တိုးမြှင့်လုပ်ဆောင်လျှက်ရှိသည်။
သို့သော် စီမံကိန်းစတင်ချိန်က ချမှတ်ပေးခဲ့သော ဘတ်ဂျက်ငွေ များပြားခဲ့သော်လည်း ကောင်းမွန်အောင် အကောင်အထည်ဖော် လုပ်ဆောင်ပေးခြင်း မရှိခဲ့ကြောင်း ဒေသခံများမှ ဝေဖန်ပြောဆိုနေကြသည်။ လမ်းဆောက်လုပ်ရေး တာဝန်ခံများကသာ ချမ်းသာသွားကြသည်ဟုလည်း ဝေဖန်မှုများရှိခဲ့သည်။
ယခင်က ပူတာအိုနှင့် နောင်မွန်လမ်းတွင် ဆိုင်ကယ်မောင်းရသည်မှာ ပြိုင်မြင်းတစ်ကောင်၏ ကျောကုန်းပေါ် တက်ထိုင်ရသလို ခုန်ပေါက်သွားလာနေရသည့် လမ်းဖြစ်သည်။ ယခုအချိန်တွင် နွေနှင့် ဆောင်းရာသီများ၌ ကားများလည်း တစ်စီးစနှစ်စီစ စသွားလာနေသည့် မြေညီလမ်းဖြစ်နေပြီ။ သို့သော် ယခုချိန်ထိ မိုးရာသီတွင် ကားများ သွားလာနိုင်ခြင်း မရှိသေးကြောင်း ဒေသခံများကဆိုသည်။
နောင်မွန်မြို့နယ်တွင်းမှ ကျေးရွာအများစုတွင် ကားနှင့်ဆိုင်ကယ်များသွားလာလို့ မရသည့် လမ်းများသာ ဖြစ်နေသည့်အတွက် လမ်းလျှောက်ပြီး သွားလာနေရသည့် ဒေသခံများကို တွေ့ခဲ့ရပါသည်။ ခါကာဘိုရာဇီ တောင်ခြေတွင်တည်ရှိသည့် နောင်မွန်မြို့နယ်မှ မြောက်ဘက် အစွန့်ဆုံးကျေးရွာဖြစ်သော မဒိန်းကျေးရွာသို့ နောင်မွန်မြို့မှသွားလျှင် ခြေလျှင်ခရီး နှစ်ပတ်သွားရကြောင်း ဒေသခံများက ပြောဆိုသည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောကြောင့် နောင်မွန်မြို့နယ်မှ ပြည်သူများသည် ကြီးမားလွန်းသည့် ကုန်ဈေးနှုန်းများဖြင့် ဝယ်ယူသုံးစွဲနေကြရပါသည်။
နောင်မွန်မြို့နယ်တွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပါက မြို့နယ်၏ ပညာရေး၊ ကျန်းမာရေးများလည်း ပိုမိုကောင်းမွန်လာနိုင်ကြောင်း ဒေသခံများက ယူဆနေကြပါသည်။
ခေါင်ခိုက်နေသောကုန်ဈေးနှုန်နှင့် ဒေသခံများ၏ စားဝတ်နေရေး
ခက်ခဲကြမ်းတမ်းလှသော တောင်ပေါ်ဒေသ၏ ကားလမ်းကြောင်းအတိုင်း ပြည်နယ်မြို့တော်ဖြစ်သော မြစ်ကြီးနားမြို့မှ ပူတာအိုမြို့၊ ပူတာအိုမှတဆင့် နောင်မွန်မြို့သို့တဖန် သယ်ယူပို့ဆောင် ရောင်းချသည့် ကုန်စည်ပစ္စည်းများကို နောင်မွန်မြို့ခံများက မြစ်ကြီးနားမြို့နှင့် နှိုင်းယှဉ်ကြည့်လျှင် (၃)ဆခန့် ဈေးပိုပေးပြီး ဝယ်ယူသုံးစွဲနေကြရသည်။
“ဒီမှာအခက်အခဲဆုံးက အစားအသောက်ပဲ၊ ကုန်ဈေးနှုန်းကလည်း ဈေးကြီးတယ်။ တစ်ထောင်ဖိုး ကြက်ဥသုံးလုံးပဲရတယ်။ အများပိုင်းက ready made (အသင့်စား အစားအစာ) တွေပဲရှိတာ။” ဟု နောင်မွန်မြို့နယ် အုပ်ချုပ်ရေးမှူးကဆိုသည်။
နောင်မွန်မြို့တွင် ခရမ်းချဉ်သီး တစ်လုံး ၂၅၀ကျပ် (၄လုံးကျပ်တစ်ထောင်)၊ ကြက်သွန်နီ တစ်ပိသာ ၈၀၀၀ ကျပ်၊ ကော်ဖီတစ်ခွက် ၅၀၀ ကျပ် စသည့် ဈေးနှုန်းများဖြင့် ဝယ်စားနေရသည်။ မိုးတွင်းကာလတွင် ဆန်တစ်အိတ်ဖိုး ရှစ်သောင်းကျပ်ခန့်ထိ ဈေးတက်ပြီး တစ်ခါတစ်လေ ဝယ်ယူရန် ဆန်ရောင်းပေးသူတောင် မရှိတတ်ကြောင်း ဒေသခံများက ပြောဆိုသည်။
ထို့အပင် အသားငါးပုံမှန်စားနိုင်ရန် နောင်မွန်တွင် အသားခုံလည်းမရှိ၊ တောကောင်ရမှ အသားစားရသည်။ ငါးစားလိုလျှင် ချောင်းဆင်းပြီး ငါးဖမ်းရသည်။ ဈေးကြီးပြီး ရက်လွန်နေသည့် အသင့်ထုပ်ပိုးထားသော အစားအသောက်များကိုသာ ဒေသခံများက ဝယ်ယူစားသောက်နေရသည်။
နောင်မွန်ဒေသရှိ ပြည်သူအများစုသည် သာမရိုးကျ တောင်ယာ၊ လယ်ယာ လုပ်ကိုင်စားသောက်သူများသည်။ ရှာချီ၊ ရှီးပဒီကဲ့သို့သော ဆေးမြစ်ဆေးဥများ ရှာဖွေရောင်းဝယ်ခြင်း၊ တောတောင်နှင့် မြစ်ချောင်းများမှ အသားငါးများဖမ်းပြီး တစ်ပိုင်တစ်နိုင် ရောင်းဝယ်သည့် လုပ်ငန်းများဖြင့် မှီခိုရပ်တည်နေကြသူများ ဖြစ်သည်။ ခါကာဘိုရာဇီ ရေခဲတောင်သို့ တက်ကြမည့် ဧည့်သည်များအား လမ်းပြပေးခြင်းနှင့် အထမ်းသမားများအဖြစ် လိုက်ရသောအလုပ်သည် အရွယ်ကောင်းပြီး ကျန်းမားသူများအတွက် ဝင်ငွေရနိုင်သည့် အလုပ်တစ်မျိုး ဖြစ်သည်။
အခြားအလုပ်အကိုင်ဆိုလို့ ဌာနဆိုင်ရာများ၌ ဝန်ထမ်းဝင်ရောက် လုပ်ကိုင်တာကလွဲလျှင် အခြားအလုပ်အကိုင်နှင့် အခွင့်အလမ်းများ မရှိသလောက်ရှားပါးသည့် ဒေသလည်း ဖြစ်သည်။
“ကလေးတွေ(ရဲ့) အဖေက ဆုံးသွားတော့ ကလေးတွေ(ရဲ့) ကျောင်းစားရိတ်အတွက် ကျမကပဲ ပိုက်ဆံရှာဖို့ လိုလာပြီလေ။ ဒီမှာက အစက အထုပ်လိုက်ထမ်းတာကလည်း တစ်နေ့ ၅၀၀၀(ကျပ်)ကနေ စထမ်းဖူးတယ်။ အဲ့ဒါက ရာသီတိုင်းမရှိဘူး။ နောက် စားနပ်ရိက္ခ္ခာလည်း ရတဲ့အလုပ်ဖြစ်လို့ ဆေးမြစ်ရှာတာ လုပ်ဖြစ်တာပါ။ ကျမတို့အဖွဲ့မှာ အမျိုးသမီး ၂ယောက်ပါတယ်။ ကျမအပါအဝင်လေ”ဟု ဂတ်ထုကျေးရွာမှ ဒေါ်မလောင်မေရီ ကဆိုသည်။
သို့သော် အစိုးရမှသားငှက်ထိန်းသိမ်းရေး လုပ်ငန်းစတင်လာချိန်ကတည်းက ဒေသခံများ အစဉ်အဆက် လုပ်ကိုင်လာခဲ့သည့် ဆေးမြစ်ရှာဖွေ ရောင်းဝယ်ခြင်း၊ တောင်ယာခုတ်ခြင်းများကို တားမြစ်လာသည့်အတွက် ရေရှည်လုပ်ကိုင်ရန် ခက်ခဲလာပြီဖြစ်ကြောင်း နောင်မွန် ဒေသခံများက ဆိုကြပါသည်။
သားငှက်ထိန်းသိမ်းရေး စီမံကိန်းကြောင့် သဘာဝတောထွက် ပစ္စည်းများဖြစ်သည့် ရှီးပဒီ၊ ရှားချီ၊ မချစ်ဥ၊ ခန်းတောင့်မြစ်။ ဂျင်စင်း၊ ဆေးဘက်ဝင် ပန်းအမျိုးမျိုးနှင့် တောင်ဆိတ်၊ သာကင်၊ ဝက်ဝံ၊ သားငါး စသည့် သဘာဝတောတောင်ကို မှီခိုလုပ်ကိုင်နေသော အလုပ်အကိုင် အခွင့်အလမ်းများ မရရှိနိုင်တော့သဖြင့် စားဝတ်နေရေးအတွက် အခက်အခဲများ ဖြစ်လာနိုင်သည် သာမက ပညာရေးစရိတ်၊ ကျန်းမာရေး စရိတ်များလည်း ခက်ခဲလာပြီး မိမိနေရပ်ကို စွန့်ခွါ၍ ရေကြည်ရာမြက်နုရာ ရွှေ့ပြောင်း နေထိုင်လာရသည့် အခြေအနေသို့ ဆိုက်ရောက်လာကြောင်း ဒေသခံအဖွဲ့အစည်းများထံမှ သိရသည်။
နိုင်ငံတော်၏ ဖွံ့ဖြိုးရေး ဘတ်ဂျက်ငွေနှင့် နောင်မွန်မြို့နယ်၏ ဖွံ့ဖြိုးရေး
၂၀၁၃ – ၁၄ ဘဏ္ဍာနှစ် ဘတ်ဂျက်ငွေဖြင့် မချမ်းဘော – နောင်မွန်လမ်းကို သဲကျောက်ခင်းခြင်း၊ ကွန်ကရစ်တံတား ကြိုးတံတားများဆောက်လုပ်ခြင်း၊ ဆိုင်ကယ်သွားလမ်းများ၊ မူလတန်းကျောင်းများ၊ ရေပေးဝေရေးနှင့် ရေကာတာတည်ဆောက်ခြင်း၊ နောင်မွန်းလေယာဉ်ကွင်း တည်ဆောက်ခြင်း စသည့်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပါသည်။
သုံးနှစ်လောက် ဆက်တိုက်လုပ်လာပြီးနောက် နောင်မွန် – ပူတာအိုလမ်းသည် ယခင်က အခြေအနေနှင့် နှိုင်းယှဉ်ကြည့်လျှင် ယခုအချိန်တွင် အတော်အသန် ကောင်းမွန်နေပြီ ဖြစ်သော်လည်း မိုးတွင်းကာလတွင် သွားလာနိုင်ရန် ခက်ခဲနေဆဲ ဖြစ်ပါသည်။ ကုမ္ပဏီများက ကန်ထရိုက်ယူပြီး ပြုလုပ်သော စီမံကိန်းများသည် အရည်အချင်း ပြည့်မီခြင်း၌ စိတ်မချရသည့်အပြင်၊ နောင်မွန်မြို့နယ်မှ အချို့စီမံကိန်းများသည် သတ်မှတ်ဘတ်ဂျတ်နှစ် ကုန်သွားသည်အထိ ပြီးမြောက်အောင် ပြုလုပ်နိုင်ခြင်း မရှိသေးသည်ကို တွေ့ရှိရပါသည်။
သောက်သုံးရေ ခက်ခဲသည့်အတွက် ဂတ်ထုကျေးရွာတွင် ၂၀၁၄ ခုနှစ်ဘတ်ဂျတ်ဖြင့် ရေပေးဝေရေး ပြုလုပ်ရန်စီမံကိန်း ချမှတ်ထားသော်လည်း တစ်ပိုင်းတစ်စသာ ပြုလုပ်ထားပြီး ယခုချိန်ထိ ရေရရှိခြင်း မရှိသေးသည်ကို တွေ့ရှိရပါသည်။
“ဆောက်တဲ့ကုမ္ပဏီကတော့ ခါနန်စီးတီးလို့ကြားတယ်။ သေချာတော့ မသိဘူး။ ဆောက်တာက ကျေးရွာလူထုအတွက် ဆောက်ပေးတာ။ ဒါပေမဲ့ အခုထိရေ မရဘူး။ ကျေးရွာလူထုတွေကလည်း တအားကို ဒုက္ခရောက်နေကြတယ်။”ဟု နောင်မွန်မြို့နယ် ဂတ်ထုကျေးရွာရှိ ရပ်မိရပ်ဖ ဦးဆန်နိုင်ဒီက ပြောဆိုသည်။
ထိုရေကန်တည်ဆောက်ရာတွင် ကျေးရွာလူထုနှင့် တိုင်ပင်ဆွေးနွေးခြင်းမရှိပဲ၊ ယခင် ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းကသာ သူ၏ဆွေမျိုးအတိုင်းအဝိုင်းများနှင့် လုပ်သွားသဖြင့် ယခုချိန်ထိ ရေမရရှိသေးခြင်း ဖြစ်ကြောင်းလည်း ဆိုသည်။
၂၀၁၃ – ၂၀၁၄ ဘတ်ဂျတ်နှစ်အတွင်း ယခုလက်ရှိ နောင်မွန်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ပိုင်ဆိုင်သည့် “ခါနန်စီးတီး” ကုမ္မဏီသည် နောင်မွန်မြို့နယ်တွင် (တစ်ကျောင်းလျှင် ကျပ်သိန်း၁၈၀နုန်းဖြင့်) မူလတန်းကျောင်းဆောင် (၄၁)ကျောင်း တည်ဆောက်ခဲ့ရာ၊ ဆောက်လုပ်ထားသည့် ကျောင်းအများပိုင်းသည် ယခုအချိန် ပျက်စီးလာနေပြီဖြစ်ကြောင်း ဒေသခံများ ပြောဆိုကြသည်။
“ကျွန်မတို့ကျောင်းကပြီးတာ တစ်နှစ်ကျော်ကျော်ပဲရှိသေးတယ်။ အခုက မိုးယိုနေပြီ။ အောက်မှာလည်း ကွန်ကရစ်နဲ့ ဖောင်းဒေးရှင်းလည်း မချဘူး။ ဒီတိုင်းပဲမြေကြီးပေါ်မှာ ချထားတယ်။”ဟု နောင်မွန်မြို့နယ် ဂတ်ထုကျေးရွာ မူလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကဆိုသည်။
မူလတန်းကျောင်း (၄၁)ကျောင်း ဆောက်ခဲ့ရာ လူကြီးများ သွားလာရာတွင် မြင်ရတွေ့ရ လွယ်ကူနေသည့် နောင်မွန် – ပူတာအို လမ်းပေါ်ရှိ တဆယ်ထု ကျေးရွာက ကျောင်းတစ်ကျောင်းကိုသာ စံချိန်မီအောင် ဆောက်ထားပြီး ထိုကျောင်းကိုပဲ သက်ဆိုင်ရာကို ဓာတ်ပုံရိုက် တင်ပြထားသည်ဟု လန်ဆာထု ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်းက ဆိုသည်။
၂၀၁၄ ခုနှစ်က ဘတ်ဂျက်ငွေ ကျပ်သိန်းပါင်း တစ်သောင်း တစ်ထောင်ကျော် ကုန်ကျကာ တည်ဆောက်ခဲ့သော နောင်မွန်မြို့ပေါ် ရပ်ကွက်များမှ ကဆန်ခ(ချောင်း) ကမ်းပြိုကာကွယ်ရေး မြေထိန်းနံရံလည်း ယခုအချိန် တဝက်ခန့် ပျက်စီးနေသည်ကို မြင်တွေ့ခဲ့ရသည်။ အလားတူ နောင်မွန်မြို့ပေါ်က ရေပေးဝေရေးလည်း ပျက်စီးလာပြီသာမက ရေလည်းလောက်ငှခြင်း မရှိသေးကြောင်းကို ဒေသခံများက ဆိုသည်။
သက်ဆိုင်ရာ စီမံကိန်းစစ်ဆေးရေး ကော်မတီများမှလည်း ကုမ္ပဏီများ တာဝန်ယူ တည်ဆောက်ထားသည့် စီမံကိန်းများကို လာရောက်ကြည့်ရှုပြီး အရည်အသွေးပိုင်းဆိုင်ရာ စစ်ဆေးပေးခြင်း၊ ပြုပြင်ခိုင်းခြင်းများလည်း မရှိကြောင်း ဒေသခံများကဆိုသည်။
အစိုးရမှ နောင်မွန်မြို့နယ် ဖွံ့ဖြိုးရေး စီမံကိန်းများအတွက် ဘတ်ဂျတ်များစွာ ချမှတ်ပေးခဲ့သော်လည်း မြေပြင်တွင် အမှန်တကယ် လုပ်ကိုင်နေသည့် ကုမ္ပဏီများက ကောင်းမွန်စွာ လုပ်ဆောင်မှု မရှိသည့်အတွက် နောင်မွန်မြို့နယ်၏ ဖွံ့ဖြိုးရေးသည် နောက်ကျနေခြင်း ဖြစ်ကြောင်း လန်ဆာထု ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်းက ဆိုသည်။
“နိုင်ငံတော်က စေတနာရှိရှိ ကျွန်တော်တို့ကို ပေးတယ်။ ဒါပေမဲ့ လုပ်တဲ့သူက ကလေကချေ ဖြစ်သွားတော့ ကျွန်တော်တို့က ဖွံ့ဖြိုးရေးနောက်ကျလာတယ်။”ဟု အဆိုပါအုပ်ချုပ်ရးမှူးဟောင်းက ဆိုသည်။
ဒေသခံများကတော့
နောင်မွန်မြို့သည် အချို့ဝန်ထမ်းများအတွက် ရာထူးတိုးရေး စားကျက်မြေဖြစ်သလို၊ အချို့ဝန်ထမ်းများအတွက် ပြစ်ဒဏ်ကျသည့် ငရဲပြည်လို ဖြစ်နေပါသည်။ ကျင့်ဝတ်တာဝန်မဲ့ စီးပွားရေးသမားများအတွက်လည်း လုပ်ကွက်ကောင်း တစ်ခုလို ဖြစ်နေပြန်သည်။
ဘိုးစဉ်ဘောင်ဆက်ကတည်းက နောင်မွန်ဒေသတွင် အစဉ်အဆက် နေထိုင်လာခဲ့သော ဒေသခံ တိုင်းရင်းသားများ၏ ဘဝများသည် တိုးတက်ပြောင်းလဲမှု ကြီးကြီးမားမား မရှိသေးပေ။
“နောင်မွန်မြို့နယ်အဖြစ် သတ်မှတ်ပေးတာကကြာပြီ ပြောင်းလဲသွားတာက သိပ်မတွေ့ဘူး။ လမ်းပဲနည်းနည်း ကောင်းလာတာပဲ။ အခြားက သိပ်မပြောင်းလဲဘူး။”ဟု အသက် (၄၀)နှစ် နောင်မွန်ဒေသခံ ဦးဒီးရမ်က ၎င်း၏ယူဆချက်ကို အားမလိုအားမရ ပြောဆိုလိုက်သည်။
မိသားစုဘဝ ရှင်သန်ရပ်တည်ရေးအတွက် အစဉ်အဆက် လုပ်ကိုင်ခဲ့သော အလုပ်အကိုင်များသည် စိန်ခေါ်မှုများနှင့် ကြုံတွေ့လာရပြီး၊ တစ်နေ့ထက်တစ်နေ့ လုပ်ကိုင်စားသောက်ရန် ပိုမိုခက်ခဲလာခြင်းက ဒေသခံများကို စိုးရိမ်မှု ဖြစ်စေသည့် ပြောင်းလဲမှုတစ်ရပ်လိုပင်…။
Amoxicillin Good For Prosthesis
Cialis Viagra Efficacite
Viagra
http://buysildenshop.com/ – Viagra
Propecia
Stromectol
cheapest cialis
https://buytadalafshop.com/ – Cialis
Naklofen Duo English Language
https://buystromectolon.com/ – Stromectol
http://prednisonebuyon.com/ – pednisone over the counter at walmart
buy cheap accutane online
Where To Buy Erectile Dysfunction Pills
Neurontine
http://buyneurontine.com/ – Neurontine
Cialis Generique Pharmacie France
generic viagra shelf life
Viagra Kaufen Apotheke
Amoxicillin And Vitamin Interactions
Priligy
ciproflaxin
cialis buy online
Viagra
buy cialis online india
Canadiandrugstore
Supreme Suppliers Viagra
Stromectol
Cialis Online Mastercard
Lasix
Clomid Date Regles
Viagra Us Distributer
Prednisone
cialis and beer
Levothyroxine
Levitra 20mg Generique Cialis
Amoxil Sans Ordonnance
Cialis Naturale Alle Erbe
Kamagra Sur Femme
cialis paid under health reform
gabapentin for nerve pain
propecia 5mg
generic levitra online uk
Buy Zithromax Online In Usa
cialis for order levitra contre indication Suedge
Nqnrrt cialis erection health man penis viagra plaquenil and corona Znrerp
Kamagra Deutschland Paypal prednisone sale
plaquenil weight loss Cialis Spedizione Anonima Eigddu
cialis with dapoxetine Buy Prednisone Online No Prescription
stromectol ivermectin buy Metabolism Of Cephalexin
Nitrates are also found in poppers as amyl nitrite cialis generic A blood test can then diagnose whether or not you have low testosterone
This and the critical question of our time Are you ready priligy usa
Medicines called nitrates Medicines called guanylate cyclase stimulators, such as riociguat Adempas , used to treat pulmonary hypertension Medicines called alpha blockers buy cialis online uk
By Jan Bergemann, President CCFJ, Inc buy cialis and viagra online How does it differ from the guidance film
buy clomiphene citrate canada On the 4th day my cycle just stopped.
ocular side effects of tamoxifen
1 was observed to be effective in the treatment of RAU as also seen by studies conducted by Miles D et al. oracea In the treatment of Cushing s syndrome, Mifepristone blocks the binding of cortisol to its receptor.
Фильмы музыка сериалы онлайн
lasix renal scan Seizures at the terrestrial border crossing from West Asia are overrepresented by the Kingdom of Jordan, as thousands of Arab Israeli and Palestinians authority citizens cross this border every week
brand cialis online com 20 E2 AD 90 20Viagra 20Prodaja 20Beograd 20 20Viagra 20For 20Men 20Walmart viagra for men walmart Making it more frustrating is the way Wilson feels
makulatura-sp.ru
Subunit compositions of Arabidopsis RNA polymerases I and III reveal Pol I and Pol III specific forms of the AC40 subunit, and alternative C53 subunits is the queen taking stromectol ATF4 activation promotes hepatic mitochondrial dysfunction by repressing NRF1 TFAM signalling in alcoholic steatohepatitis
Все серии сезоны
The corresponding relative hazard of death was 0 stromectol kaufen ohne rezept
41 Age at menarche, y 14 175 129 buy tamoxifen for men
It is possible that hydroxylaminoglutethimide may be oxidized nonenzymatically or enzymatically, for example, by H 2 O 2 or neutrophil myeloperoxidase, respectively, but this has not been proven clomid for sale At the time he had a substantial number of followers on Twitter in excess of 400, 000
When these are attached only by a stalk to their progenitor myometrium, they are called pedunculated leiomyomas doxycycline std Layla RZiomSzSPqeEuBwdZ 6 4 2022
2006; 5 2417 2423 lasix for fluid in lungs
Treatment for this is tincture of time, local anesthetic will dilute and heart rate will rise propecia regrowth
PMID 35453610 Free PMC article priligy dapoxetine 60mg FDA, electrotherapy devices, 150 p12 16
cheap generic cialis 2000; 151 703 14
Monitoring for late effects of treatment clomid for men How is the diagnosis of ehrlichiosis and anaplasmosis made
where can i buy priligy in usa Monitor Closely 1 amitriptyline increases and formoterol decreases sedation
After stratification by the research centre, permuted block randomisation integrated with the OpenCDMS system will be used to allocate participants to the treatment arm buy cialis professional
cialis pills for sale This means that a service like waxing, microdermabrasion or other exfoliating therapy increases the risk of skin irritation or even creating a wound
Bäumler W, Vural E, Landthaler M, Muzzi F, Shafirstein G best price cialis 20mg This was a major blessing because I was told that chemotherapy may have taken away my ability to have children naturally
clomid dosage for twins 1983 Mar; 15 3 287 93
We are convinced that this newly emerging field is bubbling with opportuniunites and that aid detailed will be made in our lab lasix mechanism of action
clomid ovulation pills for sale alberta Describe Nigel Pereira s approach to eSET elective single embryo transfer vs
Notably, 19 patients in ACKI group received RRT, only 9 patients were in Failure category buy cialis usa After 3 washes 10 min in TBS, 0
how long for propecia to work You can cancel anytime within the 30 day trial, or continue using Evidence Central to begin a 1 year subscription 39
cialis cheapest online prices Additionally, many of the anxiolytic medications can elicit central nervous system CNS side effects that patients find difficult to tolerate 5, 6
We ve done research on oral tren and plan to do a two week cycle at a total of 250mcg a day cialis online ordering 3 2 Estradiol Estrace 86 0
31 Liviella real cialis no generic Plasma testosterone concentrations were not significantly suppressed under corticoid therapy
buy zithromax for fish The first one is the cost of the standard- of- care treatment, which is human chorionic gonadotropin hCG used to help restore fertility
Мне нужен хороший психолог
buy zithromax liquid online Alzheimer s disease treated with combined therapy based on nourishing marrow and reinforcing Qi
Катарсис
deef
Порой ребенок женского пола может испытывать
чувство обделенности и не– полноценности по отношению к мужскому полу.
Девочка в такой ситуации склонна считать, что
когда-нибудь эта разница будет
преодолена, и она будет равна мужчине.
Если это чувство впоследствии не будет замещено активным развитием женственности,
то оно может спровоцировать появление так
называемого комплекса
мужественности. Почему я потеряла интерес к жизни?
vipspark.ru
Metformin during ovulation induction with gonadotrophins in women with polycystic ovary syndrome propecia for hair loss