ကာလှိုင်ကျေးရွာနှင့် ဇွပ်အောင် စစ်ရှောင်စခန်းအနီး ပတ်ဝန်းကျင်တွင် လက်နက်ကိုင် တပ်စခန်းများ တပ်စွဲထားခြင်း မပြုရန် ရွာသားများနှင့် စစ်ရှောင်များ တောင်းဆို
22 June 2022 – Kachinwaves
ကွတ်ခိုင်မြို့နယ်ရှိ ကာလှိုင်ကျေးရွာနှင့် ဇွပ်အောင် စစ်ရှောင်စခန်းအနီးတွင် လက်နက်ကိုင်တပ်ဖွဲ့များမှ တပ်စခန်းချထားခြင်းများ မပြုလုပ်ရန် ကာလှိုင်ဒေသခံပြည်သူများနှင့် စစ်ဘေးရှောင်ပြည်သူများက စစ်ကောင်စီတပ်၊ MNDAA၊ TNLA နှင့် KIA လက်နက်ကိုင်တပ်များကို လိမ်မူ၍ ဇွန်လ ၂၁ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်တောင်းဆို လိုက်သည်။
လူသားချင်းစာနာထောက်ထားမှုကို ရှေးရှု၍ ကျေးရွာအတွင်း သာမက စစ်ရှောင်စခန်းများအနီးတွင် တိုက်ပွဲမဖြစ်အောင်ရှောင်ရှားပေးရန်နှင့် စစ်ရှောင်စခန်းထဲသို့ လက်နက်ကိုင်အဖွဲ့များ ဝင်ထွက်သွားလာခြင်း မပြုရန် တောင်းဆိုထားသည်။
Geneva Convention တွင် ပါရှိသည့် အချက်များဖြစ်သော တိုက်ပွဲတွင် မပါဝင်သောအရပ်သားများကိုကာကွယ်ပေးရန်၊ အရပ်သားများနေထိုင်ရာနေရာများ ရှောင်ရှားကာ စစ်ဖက်ဆိုင်ရာပစ္စည်းများစခန်းချခြင်း၊အရပ်သားများအပေါ်သက်ရောက်သည့် အကျိုးဆက်များနည်းစေသည့် စစ်ဆင်ရေးနည်းများ လုပ်ဆောင်ခြင်း အရပ်သားများကိုလုံခြုံသည့်နေရပ်သို့ ခိုလှုံစေခြင်းစသည့် ကျင့်ဝတ်များကို လက်နက်ကိုင်အဖွဲ့များ လေးစားလိုက်နာစောင့်ထိန်းကြ
ရန် တောင်းဆိုချက်တွင် ပါရှိသည်။
၎င်းတောင်းဆိုချက်တွင် ကျေးရွာနှင့် စစ်ရှောင်စခန်းများ ပတ်ဝန်းကျင် အနီး မီတာ ၁၀၀၀ အတွင်း တပ်စခန်းချ နေထိုင်ခြင်း၊ တိုက်ပွဲဖြစ်ပွားခြင်းများ မပြုလုပ်ကြရန်၊ လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ ဥပဒေကို လိုက်နာပေးကြရန် နှင့် ထိခိုက်နစ်နာသွားရသည့် ပြည်သူများကို တာဝန်ယူကာ ပြည်လည်ကုစားပေးကြရန်တို့ ပါဝင်ပါသည်။